ရီယာ့ဒ်၊မတ်လ ၂ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဘီးယားနိုင်ငံက အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာဘင် လာဒင် ၏သားဖြစ်သူ ဟမ်ဇာဘင်လာဒင် အား ဆော်ဒီအာရေးဘီးယားနိုင်ငံသားအဖြစ်မှပယ်ဖျက်ခဲ့ ကြောင်း အယ်လ်အာရေးဘီးယား ရုပ်မြင်သံကြားဌာနကပြောကြားခဲ့သည်။
ဒမတ်စကပ် ၊မတ် ၁ ရက် (ဆင်ဟွာ) များပြားလှသော ဆီးရီးယားဒုက္ခသည်များသည် လက်ဘနွန်နိုင်ငံသို့ ရောက်ရှိနေရာမှ ဆီးရီးယားနိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ရောက်လာခဲ့ကြောင်း ပြည်နယ်သတင်းအေဂျင်စီ SANAသတင်းအရ သိရသည်။
ဒိုဟာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ ၏ ၂၀၁၉ ခုနှစ်ဘတ်ဂျက်အတွက် စုစုပေါင်း ကာတာသုံးငွေရွိုင်ရယ်၇၃ သန်း (အမေရိကန်ဒေါ်လာ ၂၀.၅ သန်း) ကို ကာတာနိုင်ငံ မှထောက်ပံ့ရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကာတာနိုင်ငံက ဆုံးဖြတ်ခဲ့သည်။
ကိုင်ရို ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က ဘူတာရုံမီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် အီဂျစ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး Hesham Arafatသည် အချင်းဖြစ်ပွားသည့်နေ့တွင် နုတ်ထွက်စာတင်ခဲ့ရာ ဝန်ကြီးချုပ် Mostafa Madbouly က လက်ခံခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုရှိ အဓိက ဘူတာရုံအတွင်း၌ ဖေဖော်ဝါရီလ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Nile TV က...
တီဟီရန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီ (Hassan Rouhani) က နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ၏ နှုတ်ထွက်စာအား လက်ခံရန် ဖေဖော်ဝါရီ ၂၇ ရက် က တရားဝင် ပယ်ချခဲ့ကြောင်း နိုင်ငံပိုင်...
အဘူဂျာ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ မူဟာမတ်ဒူ ဘူဟာရီ (Muhammadu Buhari) အနိုင်ရရှိသွားကြောင်း ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၂၇ ရက် အစောပိုင်းတွင် ကြေညာလိုက်သည်။
ထရီပိုလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အချို့နိုင်ငံများ၏ သံတမန်များအနေဖြင့် လစ်ဗျားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ပါဝင်စွက်ဖက်မှုကို လစ်ဗျားနိုင်ငံ အရှေ့ပိုင်း အခြေစိုက် လွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်က ဆန့်ကျင်သတိပေးခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်အကျဉ်းထောင်ထဲမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဖေဖော်ဝါရီ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။