ရီယတ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များသည် မတ် ၂၄ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ တွေ့ဆုံဆွေးနွေးမှု စတင်နေပြီဖြစ်ကြောင်း Al Arabiya ရုပ်သံလွှင့်ဌာနက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
ဂါဇာ၊ မတ် ၂၄ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန် ပေါက်ကွဲဖြစ်ပွားသည့် အချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူ ၅၀,၀၂၁ ဦး၊ ဒဏ်ရာရသူ ၁၁၃,၂၇၄ ဦး ရှိပြီဖြစ်ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက...
ခါတွမ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) လေးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီးနောက် သမ္မတအိမ်တော်နှင့် ခါတွမ်မြို့လယ်ရှိ အရေးကြီး အစိုးရအဆောက်အဦများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆူဒန်စစ်တပ်က မတ် ၂၁ ရက်၌ ပြောကြားခဲ့ရာ ၎င်း၏ပြိုင်ဘက်ဖြစ်သည့် အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာခဲ့သည်။ ဆူဒန်စစ်တပ် (SAF)...
ကိုင်ရို၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် အဆင့်နှစ်ဆင့် ပါဝင်သော အစီအစဉ်ကို အစ္စရေးက အီဂျစ် စေ့စပ်ညှိနှိုင်းသူများမှတစ်ဆင့် ဟားမက်စ်အဖွဲ့အား အဆိုပြုခဲ့သည်ဟု ထိုကိစ္စရပ်နှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိထားသော အီဂျစ်သတင်းရင်းမြစ်များက မတ် ၂၂...
ဂါဇာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ လွန်ခဲ့သော ၄၈ နာရီအတွင်း အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၃၀ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်အဖွဲ့များက မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအစောပိုင်းက...
ဂါဇာ၊ မတ် ၂၁ ရက် (ဆင်ဟွာ) လွန်ခဲ့သော ၇၂ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူဦးရေ ၅၉၁ ဦးအထိ မြင့်တက်လာခဲ့သလို ဆေးရုံများသို့ ရောက်ရှိလာသည့် ဒဏ်ရာရသူဦးရေမှာလည်း ၁,၀၄၂ ဦးရှိကြောင်း ဟားမက်စ်အဖွဲ့က ဖွင့်လှစ်ထားသော ဂါဇာပြန်ကြားရေးရုံး၏ မတ် ၂၀ ရက်...
ကူဝိတ်စီးတီး၊ မတ် ၂၀ ရက် (ဆင်ဟွာ) ယီမင်ဟူသီလက်နက်ကိုင်များက မတ် ၂၀ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပင်လယ်နီ တောင်ပိုင်း ရေပြင်ရှိ အမေရိကန်ရေတပ် “USS Harry S. Truman” လေယာဉ်တင်သင်္ဘောနှင့် ၎င်း၏ ရေယာဉ်စုကို တိုက်ခိုက်ခဲ့ကြောင်း...
နိုင်ရိုဘီ၊ မတ် ၂၀ ရက် (ဆင်ဟွာ) Talanta Sports City စီမံကိန်းသည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ တည်ရှိပြီး အဓိကအဆောက်အဦတွင် ထိုင်ခုံနေရာ ၆၀,၀၀၀ ဝင်ဆံ့သော ဖီဖာစံနှုန်း ပရော်ဖက်ရှင်နယ် ဘောလုံးကွင်းတစ်ခုဖြစ်သည်။ ယင်းကို ၂၀၂၇ ခုနှစ် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ (Africa Cup...
ကုလသမဂ္ဂ၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည့်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး တုန်လှုပ်ခဲ့ရကြောင်း၊ ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ခိုက်မှုမှန်သမျှကို ရှုတ်ချကြောင်း၊ ထိုဖြစ်စဉ်အား အပြည့်အဝ စုံစမ်းစစ်ဆေးရန် တိုက်တွန်းကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက...
ဂါဇာ၊ မတ် ၂၀ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို မတ် ၁၉ ရက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး စုစုပေါင်း လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသရှိ သတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ နေအိမ်အဆောက်အဦတစ်ခုကို...