ဂျေရုဆလမ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းနှင့် ခဲယမ်းကျည် တန်ချိန် ၅၀,၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ “ဝယ်ယူလက်ခံရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ သံချပ်ကာယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းကျည်တွေ၊...
ဂါဇာ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အခြေခံ၍ ဇူလိုင်လတွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လိုက်နာရန် အစ္စရေးအား တောင်းဆိုခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နိုင်ငံရေးဗျူရို အဖွဲ့ဝင်...
ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ယခုလအစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် နိုင်ငံတကာ ရောဂါကူးစက်မှု ထပ်မံဖြစ်ပွားမည့် အလားအလာများကို တိုးမြှင့်သတိပေးလျက်ရှိသည်။ မျောက်ကျောက်ရောဂါ (mpox) သည် “ကိုဗစ်ရောဂါအသစ် မဟုတ်”...
ဂျေရုဆလမ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr အား အစ္စရေး လုပ်ကြံသတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဩဂုတ် ၂၅ ရက်တွင် အစ္စရေးနိုင်ငံအား အကြီးစားတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က အဆိုပါနေ့တွင် ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် အစ္စရေးနိုင်ငံတစ်ဝန်း ၄၈ နာရီ...
ဂျေရုဆလမ်/ဘေရွတ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို ပစ်ခတ်မည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ထောင်နှင့်ချီသည့် ဒုံးလက်နက်နှင့် ဒုံးပစ်လောင်ချာများကို အစ္စရေးစစ်လေယာဉ် ၁၀၀ ခန့်က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ် (IDF) က ဩဂုတ် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နံနက်အရုဏ်မတက်မီတွင်...
တီဟီရန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) ဟားမက်စ်အဖွဲ့၏ နိုင်ငံရေးဗျူရို အကြီးအကဲ အစ္စမေး ဟာနီယက် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အီရန်နိုင်ငံ၏ လက်တုံ့ပြန်မှုကို တိတိကျကျနှင့် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် စီမံလုပ်ဆောင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘက်စ် အာရက်ချီက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဟာရာရီ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ဩဂုတ် ၂၂ ရက်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေနိုင်ငံထံ ကူညီထောက်ပံ့သော အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို...
မော်စကို၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ အနောက်တောင်ဘက်နယ်စပ်ရှိ Kursk ပြည်နယ်ကို လျှပ်တစ်ပြက်တိုက်ခိုက်ခဲ့သည်မှာ ၁ လခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး နှစ်ဘက်အနေဖြင့် ယင်းဒေသတွင် ပဋိပက္ခများ ပြေလျော့သွားသည့် အရိပ်အယောင်များ မတွေ့ရသေးပေ။ တစ်ချိန်တည်းမှာပင် အခြားမျက်နှာစာများတွင် ရုရှား-ယူကရိန်း နှစ်ဖက်အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။...
ဂျေရုဆလမ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရှိ နေရာအချို့အား အစ္စရေးစစ်လေယာဉ်များက ညပိုင်းနှင့် နံနက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့သဖြင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့က ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ အနည်းဆုံး ရော့ကတ်ဒုံးကျည် အစင်း ၅၀ ဖြင့်...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသည် ” Shaheen-II ” မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဩဂုတ် ၂၀ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ISI သတင်းဗျူရိုက အဆိုပါနေ့ ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။ ယခုအကြိမ် စမ်းသပ်ပစ်လွှတ်မှုသည် တပ်ဖွဲ့ဝင်များအား...