ကဘူးလ်၊ မေ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်နှင့် မြောက်ပိုင်းဆာရီပူပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုဖြစ်ပွားသဖြင့် သေဆုံးသူ ၁၄ ဦးထက်မနည်းရှိကြောင်း အာဏာပိုင်များက မေ ၅ ရက်၌ ပြောကြားသည်။ ပြီးခဲ့သည့်ရက် အနည်းငယ်အတွင်း ဟီရတ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုကြောင့် လူခုနှစ်ဦးသေဆုံးကြောင်း...
အစ္စရေး၊ မေ ၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံမြောက်ပိုင်းကို လက်ဘနွန်မှ ဒုံးကျည်အစင်း ၂၀ ခန့်ဖြင့် မေ ၅ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဒုံးကျည်များအနက် အများအပြားသည် Shmona မြို့သို့ ကျရောက်ခဲ့ရာ မြို့တွင်းရှိ လျှပ်စစ်ဓာတ်အား ပြတ်တောက်ကာ မြို့ပြအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း အစ္စရေးစစ်တပ်နှင့်...
ဂါဇာ၊ မေ ၅ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို အစ္စရေးစစ်တပ်က မေ ၄ ရက်တွင် ခပ်စိတ်စိတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး သေဆုံးသူ ၁၃ ဦး ရှိခဲ့ကြောင်း ပါလက်စတိုင်း ရုပ်မြင်သံကြားဌာန၏ ယင်းနေ့တွင် ဖော်ပြချက်များအရ သိရသည်။
ဂါဇာ၊ မေ ၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးသူ ၃၄,၆၂၂ ဦးအထိ တိုးလာကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက မေ ၃ ရက်သတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၆ ဦး...
ဂျေရုဆလမ်၊ မေ ၄ ရက် (ဆင်ဟွာ) အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးလှုပ်ရှားမှုများ အားလုံးယာယီရပ်ဆိုင်းသည့် တူရကီ၏ ဆုံးဖြတ်ချက်အပေါ် တန်ပြန် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၃ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနသည် စီးပွားရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့နှင့်...
နိုင်ရိုဘီ၊ မေ ၃ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၁၈၈ ဦးသေဆုံးခဲ့ရကြောင်း ယင်းနိုင်ငံအစိုးရက မေလ ၂ ရက်၌ ထုတ်ပြန်သည်။ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မိုးသက်မုန်တိုင်းများတိုက်ခတ်ခြင်းတို့သည် နိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုအနက် ၂၈ ခုတွင် လက်ရှိဖြစ်ပွားနေပြီး...
အန်ကာရာ၊ မေ ၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ လှုပ်ရှားမှုများကြောင့် ယင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုကပ်ဘေး ဆက်တိုက် ဆိုးရွားလျက်ရှိခြင်းကြောင့် အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးအားလုံးကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု တူရကီ ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၂ ရက်၌ ကြေညာခဲ့သည်။ တူရကီနိုင်ငံသည် ဧပြီ...
ဘိုဂိုတာ၊ မေ ၂ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံအနေဖြင့် မေ ၂ ရက်မှစ၍ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်သွားမည် ဖြစ်သည်ဟု ကိုလံဘီယာ သမ္မတ Gustavo Petro က မြို့တော် ဘိုဂိုတာ၌ မေ ၁ ရက်တွင် ကြေညာခဲ့သည်။ ယခုလို...
ဂါဇာ၊ မေ ၂ ရက် (ဆင်ဟွာ) အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့အား တိုက်ခိုက်လာပါက အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းမည်ဟု ပါလက်စတိုင်း အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ (Hamas) က မေ ၁ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။...
နိုင်ရိုဘီ ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အရှေ့အာဖရိနိုင်ငံ တစ်နိုင်ငံဖြစ်သော ကင်ညာ၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် လူပေါင်း ၉၀ ထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးမှုများလည်း ရှိနေသောကြောင့် သေဆုံးသူအရေအတွက် ယခုထက် ပိုမိုများလာနိုင်ကြောင်း ကင်ညာအာဏာပိုင်များက ပြောကြားလိုက်သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏...