ဂါဇာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ပါလက်စတိုင်း သေဆုံးသူများ မြင့်တက်လျက်ရှိသလို ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း၊ ခန်ယွန်းနစ်မြို့ရှိ ဆေးရုံများကို အစ္စရေးတပ်ဖွဲ့များက ဝိုင်းထားကာ လုပ်ငန်းဆောင်ရွက်၍မရအောင် ပြုလုပ်ထားကြောင်း ဟားမက်စ်အဖွဲ့က ဇန်နဝါရီ ၂၅ ရက်၌ စွပ်စွဲခဲ့ကြောင်း သိရသည်။ ခန်ယွန်းနစ်မြို့ရှိ ဆေးရုံများမှာ အစ္စရေးစစ်တပ်၏ ဝိုင်းထားခြင်းကြောင့်...
ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဂါဇာဒေသအလယ်ပိုင်းတွင် တိုက်ခိုက်မှုတစ်ခုကြောင့် အစ္စရေးစစ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ရက်ပေါင်း ၁၀၉ ရက်ကြာမြင့်ပြီဖြစ်သော စစ်ပွဲအတွင်း စစ်တပ်အတွက် လူသေဆုံးမှုအများဆုံးဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂၃ ရက်၌ ကြေညာခဲ့သည်။ အဆိုပါ စစ်သားများသည် ဇန်နဝါရီ ၂၂...
ကိဗ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတစ်ဝန်းလုံးတွင် ရုရှားနိုင်ငံက တိုက်ခိုက်မှုအသစ်များ စတင်နေသဖြင့် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်း၌ ကိဗ်မြို့၏ ဆင်ခြေဖုံးတွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ (Xinhua) ………………………….. (English Version) Urgent: Explosions...
အဘိဂျန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ကို့တ်ဒီဗွာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကို့တ်ဒီဗွာနိုင်ငံခြားရေးဝန်ကြီး Kacou Houadja Leon Adom တို့သည် ကို့တ်ဒီဗွာနိုင်ငံ၏ စီးပွားရေးမြို့တော် အဘိဂျန်တွင် တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းသော နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ဇန်နဝါရီ ၁၈ ရက်က...
အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနေဖြင့် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းအချိန်တွင် အီရန်နိုင်ငံ၌ ပုန်းခိုနေသော အကြမ်းဖက်သမားများကို တိကျစွာထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ပါကစ္စတန်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ယခုတိုက်ခိုက်မှုတွင် နိုင်ငံခြားသား ၇ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။...
ဒိုဟာ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ကာတာ နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ အတူတကွပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအရ (အစ္စရေး)နိုင်ငံ မှ ဆေးဝါးများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများကို ပါလက်စတိုင်းဒေသ၏ ရပ်တည်ရန် အခက်ခဲဆုံး ဒေသများကို ပို့ဆောင်သွားရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari က ကာတာနိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ အလဲအလှယ်...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံတွင် စစ်သွေးကြွအဖွဲ့က ထိန်းချုပ်ထားသောနယ်မြေများမှ ဟူသီများက အမေရိကန်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းသုံး သင်္ဘောကို ဇန်နဝါရီ ၁၅ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောသည် အမေရိကန်နိုင်ငံက ပိုင်ဆိုင်၍ လုပ်ငန်းလည်ပတ်လျက်ရှိသော ကွန်တိန်နာသင်္ဘောဖြစ်ပြီး မာရှယ်ကျွန်းစုအလံ...
ကိုင်ရို၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ်တို့က ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဂါဇာဒေသ ပါလက်စတိုင်းနယ်မြေအတွင်း ဘက်စုံ အရေးပေါ် အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးတပ်ဖွဲ့ က ဇန်နဝါရီ ၁၅ ရက် ညပိုင်းအချိန်တွင် အီရတ်နိုင်ငံအတွင်းရှိ အစ္စရေး ထောက်လှမ်ရေးအဖွဲ့ (မော့ဆက်) ၏အဖွဲ့ခွဲကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံသတင်းအေဂျင်စီ၏ ဖော်ြပချက်အရ သိရသည်။
တီဟီရန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်-ဗြိတိန်က များမကြာမီအချိန်အတွင်း ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို လေကြောင်း တိုက်ခိုက်ခြင်းမှာ ဒေသတွင်း အခြေအနေကို ပိုမိုဆိုးရွားစေပြီး ထိုနေရာတွင် ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း အီရန်လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။