ခါတွမ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) လူသားချင်း စာနာထောက်ထားမှုကြောင့် နိုင်ငံတကာ၏အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ဖြစ်သည့် ဆူဒန်စစ်တပ်နှင့် ၂၄ နာရီ ယာယီအပစ်အခတ်ရပ်စဲရေးကို လက်ခံလိုက်ကြောင်း ဆူဒန် Rapid Support Forces (RSF)က ဧပြီ ၁၈ ရက်၌ ကြေညာခဲ့သော်လည်း ဆူဒန်စစ်တပ်ကမူ ယာယီအပစ်အခတ်ရပ်စဲရေးကိစ္စကို မသိရှိဟု ဆိုသည်။...
ခါတွမ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ဆူဒန်စစ်တပ်နှင့် ဆူဒန်ရှိ Rapid Support Forces (RSF) ကြားဖြစ်ပွားသော ပဋိပက္ခများကြောင့် သေဆုံးသူအရေအတွက်မှာ ဧပြီ ၁၇ ရက်အထိ ၁၈၅ ဦးရှိလာခဲ့ပြီး ဒဏ်ရာရသူမှာလည်း ၁,၈၀၀ ရှိပြီဖြစ်ကြောင်း၊ ပဋိပက္ခအရှိန် လျော့ကျမည့်အရိပ်အယောင်မရှိကြောင်း သိရသည်။ အဆိုပါ...
ဂါဇာ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အစ္စလာမ်ဘာသာဝင်များ၏ တတိယမြောက် အမြင့်မြတ်ဆုံးနေရာဖြစ်သော အရှေ့ဂျေရုဆလမ်ရှိ Al-Aqsa ဗလီဝင်းအတွင်း အစ္စရေးရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့မှုကို ဆန့်ကျင်ဆန္ဒပြခြင်းနှင့်အတူ ဂါဇာရှိ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းများက International Quds Day အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းအလံများ လွှင့်ထူကာ Al-Aqsa...
ကိုင်ရို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ရမ်ဇာန်လသည် မြောက်မြားလှစွာသော Al-Rahman စားဖိုဆောင်အတွက် အလုပ်များသောလတစ်လ ဖြစ်ကာ နေ့စဉ် အီဂျစ်နိုင်ငံ မြို့တော်တစ်ခွင် စားသောက်ဖွယ်ရာများကို အခမဲ့ဖြန့်ဝေပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ သန့်ရှင်းသော ရမ်ဇာန်လအတွင်း အစ္စလာမ်ဘာသာဝင်များသည် အရုဏ်တက်ချိန်မှ နေဝင်ချိန်တိုင်အောင် မည်သည့်အစားအသောက်ကိုမျှ သုံးဆောင်ခြင်းမပြုဘဲ အစာရှောင်လေ့ရှိကြသည်။ Al-Rahman...
တီဟီရန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံကြား သံတမန်ဆက်ဆံရေးပြန်လည်စတင်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် လုံခြုံရေးအပေါ် အပြုသဘောသက်ရောက်မှုရှိမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၀ ရက်၌ ပြောကြားခဲ့ကြောင်း အီရန် သတင်းအေဂျင်စီ IRNA က သတင်းဖော်ပြခဲ့သည်။ အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံကြား...
အစ္စလာမ်မာဘတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ ရမ်ဇာန်လမြတ်တွင် ဈေးများစွာ၌ ပရဟိတသမားများ၊ အလှူအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများက စားသောက်ဆိုင်ငယ် အမြောက်အများဖွင့်လှစ်ကာ စားသောက်ဖွယ်ရာများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ (Xinhua) ………………………….. (English Version) (1) (2)A volunteer distributes Iftar, the...
ဂျေရုဆလမ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ဂျေရုဆလမ်မြို့အရှေ့ပိုင်းရှိ Al-Aqsa ဗလီဝင်းအတွင်းသို့ ဧပြီ ၅ ရက် အရုဏ်မတက်ခင်အချိန်တွင် အစ္စရေးရဲတပ်ဖွဲ့က ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက် ဗလီအတွင်းရှိ ပါလက်စတိုင်းလူငယ် အမြောက်အမြားနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ အာရပ်နိုင်ငံများမှ ပြစ်တင်ရှုတ်ချခြင်းနှင့် ဒေသတွင်း ဒုံးကျည်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ တစ်ကျော့ပြန် ဖြစ်ပေါ်လာခဲ့သည်။ Al-Aqsa...
ထရီပိုလီ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) စစ်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများက လစ်ဗျားနိုင်ငံရှိ ဧရိယာ စတုရန်းမီတာ ၁,၅၀၀ ကျော်အပေါ် သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း လစ်ဗျားရှိ ကုလသမဂ္ဂထောက်ပံ့ရေးမစ်ရှင်အဖွဲ့(UNSMIL)၏ ဧပြီ ၄ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ ဧပြီ ၄ ရက်သည် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့်...
ကိုင်ရို၊ ဧပြီ ၅ ရက် (ဆင်ဟွာ) လေပြေလေးတိုက်ခတ်နေသော ဧပြီ ၃ ရက် ညပိုင်းတွင် အီဂျစ်နိုင်ငံ ဂီဇာမြို့၌ တရုတ်-အီဂျစ် နှစ်နိုင်ငံ၏အနုပညာရှင်များက မဟာပိရမစ်များနှင့် ခြင်္သေ့ခန္ဓာကိုယ်လူမျက်နှာ စဖင့်ရုပ်တု အရှေ့တွင် ရိုးရာဂီတဖျော်ဖြေပွဲကျင်းပခဲ့ရာ သာယာနာပျော်ဖွယ်ကောင်းသော ဂီတသံစဉ်များက ရာနှင့်ချီသော ပရိသတ်များကို စွဲမက်စေခဲ့သည်။ တရုတ်-အီဂျစ် ရိုးရာဂီတပွဲတွင်...
ဘာမီယန်၊ အာဖဂန်နစ္စတန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အာဖဂန်တာဝန်ရှိသူများက တရုတ်နိုင်ငံမှ လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ပေးအပ်သည့် အကူအညီများကို နိုင်ငံ၏အလယ်ပိုင်း ဘာမီယန် ပြည်နယ်ရှိ နွမ်းပါးသော မိသားစုများအား လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြန့်ဝေခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီ...