တီဟီရန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အီရန် သမ္မတ Ebrahim Raisiသည် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့ကို သွားရောက်လည်ပတ်ရန်အတွက် ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud၏ ဖိတ်ကြားချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း အီရန် ပထမ-ဒုတိယသမ္မတ Mohammad Mokhberက ဧပြီ ၃...
အန်ကာရာ၊ မတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာပူတင်သည် Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံ ဖွင့်ပွဲသို့တက်ရောက်ရန် ဧပြီ ၂၇ ရက်တွင် တူရကီနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း တူရကီနိုင်ငံသမ္မတရီဆပ်တေရစ် အာဒိုဂန်က မတ် ၂၉ ရက်၌ပြောသည်။ ပူတင်အနေဖြင့် မာဆင်ပြည်နယ်သို့ လူကိုယ်တိုင် သို့မဟုတ် တယ်လီကွန်ဖရင့်မှတစ်ဆင့် တက်ရောက်နိုင်ကြောင်း အာဒိုဂန်...
CHIKANKATA ၊ ဇမ်ဘီယာ၊ မတ် ၃၀ ရက် (ဆင်ဟွာ) ဇမ်ဘီယာနိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ပေးသော ရေအားလျှပ်စစ်စက်ရုံ၏ ပဉ္စမမြောက် လျှပ်စစ်ဓာတ်အားပေးစက် ဖွင့်လှစ်ပြီးနောက် စက်ရုံအား စတင်အသုံးပြုပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ Sinohydro Corporation လီမိတက်မှ တည်ဆောက်သော Kafue Gorge Lower ရေအားလျှပ်စစ်စက်ရုံရှိ...
ကိုင်ရို၊ မတ် ၂၈ ရက် (ဆင်ဟွာ) နွမ်းပါးသူများကို စားသောက်ဖွယ်ရာများ ဝေငှပေးကမ်းခြင်းသည် သန့်ရှင်းသော ရမ်ဇာန်လအတွင်း သမိုင်းကြောင်းရှည်ကြာသော အစဉ်အလာကောင်းတစ်ခုပင်ဖြစ်သည်။ ယီမင်၊ ဆီးရီးယားနှင့် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများရှိ အလှူရှင်အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများသည် ခက်ခဲသောစီးပွားရေးအခြေအနေများကြားတွင် နွမ်းပါးသူများနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများအား ရမ်ဇာန်လ၏ ပျော်ရွှင်ဝမ်းမြောက်မှုကို ခံစားမိစေရန် အစ္စလာမ်ဘာသာဝင်များ၏ ဝါဖြေစားသောက်ပွဲအတွက် အစားအစာချက်ပြုတ်ကာ...
ပတ်ရှ်ဝါ၊ ပါကစ္စတန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၊ပတ်ရှ်ဝါမြို့၌ ရမ်ဇာန်လမြတ်သည် မတ် ၂၃ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဆင်းရဲသူများကို စာနာမှုဖြင့် သတိရစေရန်နှင့် လိုအပ်သူများကို ကူညီစောင့်ရှောက်မှုပေးရန် ရည်ရွယ်၍ တစ်လကြာ အရုဏ်တက်ချိန်မှ နေဝင်ချိန်အထိ ဥပုသ်စောင့်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ရမ်ဇာန်လတစ်လတာကာလအတွင်း...
ကိုင်ရို၊ မတ် ၂၃ ရက် (ဆင်ဟွာ) “fanoos”ဟု အာရေဗီဘာသာစကားတွင် ခေါ်ဆိုသည့် အရောင်အသွေးစုံလင်သော မီးပုံးလေးများသည် မွတ်ဆလင်ဘာသာ ရမ်ဇာန်လတွင် နေအိမ်နှင့်လုပ်ငန်းခွင်များ၌ အလှဆင်ကြသော အဓိက အဆင်တန်ဆာ ဖြစ်သည်။ အီဂျစ်၊ ဆီးရီးယားနှင့်ပါလက်စတိုင်းရှိ လက်မှုပညာရှင်များက သစ်သား၊ သတ္တု၊ ဖန်သား၊ စက္ကူစသည့် ပစ္စည်းအမျိုးမျိုးဖြင့် “fanoos”...
အစ္စလာမ်မာဘတ်/ကဘူးလ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Badakhshanပြည်နယ်တွင် မတ် ၂၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် လက်ရှိ အာဖဂန်နစ္စတန်နှင့် ၎င်း၏အိမ်နီးချင်းနိုင်ငံဖြစ်သော ပါကစ္စတန်တို့တွင် လူပေါင်း ၁၁ ဦး သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်...
ကုလသမဂ္ဂ၊ မတ် ၁၈ ရက် (ဆင်ဟွာ) မာလဝီနိုင်ငံတွင် ဖရက်ဒီ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၂၆ ဦး အပါအဝင် လူပေါင်း ၅၀၀,၀၀၀ ကျော် ထိခိုက်မှုရှိခဲ့သည်ဟု မာလဝီအာဏာပိုင်များက ဖော်ပြထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။ မတ်...
မာပူတို၊ မတ် ၁၅ ရက် (ဆင်ဟွာ) လွန်ခဲ့သော ရက်အနည်းငယ်က အပူပိုင်း ဆိုက်ကလုန်း မုန်တိုင်း Freddy တိုက်ခတ်မှုကြောင့် မာလဝီ၊ မိုဇမ်ဘစ်၊ မဒါဂတ်စကား နိုင်ငံများအပေါ် သက်ရောက်မှု ရှိခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ရေဘေး၊ လေဘေး၊ တောင်ပြိုခြင်းနှင့် ရွှံ့သဲကျောက်ရေ...
ရောမခေတ်က ခြင်္သေ့ခန္ဓာကိုယ် ၊လူမျက်နှာရှိသော စဖင့်ရုပ်တုနှင့် ကျောက်စာတစ်ခုကို အီဂျစ်နိုင်ငံ တောင်ပိုင်း Qena ပြည်နယ်တွင် အီဂျစ်ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ကြောင်း အီဂျစ် ရှေးဟောင်းဝန်ကြီးဌာန၏ မတ် ၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ စဖင့်ရုပ်တုတွင် ဖာရိုဘုရင်များဝတ်ဆင်လေ့ရှိသော အစင်းကြောင်းပါ Nemes သရဖူဆောင်းထားပြီး နဖူးတွင် မြွေဟောက်ပုံရှိကြောင်း သိရသည်။“၎င်း၏မျက်နှာပုံစံကို...