ဗာကူး၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အနေဖြင့် ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် နယ်စပ်များ နယ်နိမိတ်မျဉ်းသတ်မှတ်ခြင်းနှင့် နယ်နိမိတ်မျဉ်းရေးဆွဲခြင်းအတွက် အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့နှင့် အကြံပြုဆွေးနွေးရန် အသင့်ရှိကြောင်း ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် နယ်စပ်များ၏ နယ်နိမိတ်မျဉ်း...
ကုလသမဂ္ဂ ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇွန် ၂၂ ရက် နံနက်အစောပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၌ ဖြစ်ပွားေသော ငလျင်လှုပ်ခတ်မှုအတွင်း အသက်သေဆုံးခဲ့ရသူများအတွက် အထူးကြေကွဲဝမ်းနည်းရကြောင်းကို ယင်းနေမှာပင် ထုတ်ဖော်ပြောကြားခဲ့သည်။ “ လူရာနဲ့ချီပြီး အသက်သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့ပါတယ် ၊ အဲဒီအသေအပျောက်စာရင်းဟာ ဆက်ပြီး...
အန်ကာရာ ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်က သတင်းသမား ခါရှိုခီသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆော်ဒီအာရေးဗျနိုင်ငံ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆော်လ်မန်အယ်လ်ဆော့သည် ပထမဆုံးအကြိမ်အလည်အပတ်ခရီးစဉ်အဖြစ် တူရကီနိုင်ငံမြို့တော် အန်ကာရာမြို့သို့ ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ တူရကီနိုင်ငံသမ္မတရိဒ်ဆက်တေရစ်အာဒိုဂန်က ဆော်ဒီအိမ်ရှေ့စံမင်းသားကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့်...
အာဖဂန်နစ္စတန်နိုင်ငံ Paktika ပြည်နယ်တွင် ဇွန် ၂၂ ရက် အစောပိုင်းက ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂၈၀ ထက်မနည်းသေဆုံးပြီး ၅၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
အယ်လ်ဂျီးယားစ် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) Baraki အားကစားကွင်းသည် ဖီဖာ(FIFA) ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် အမျိုးမျိုးသော အားကစားပြိုင်ပွဲများလက်ခံကျင်းပရန် ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စံချိန်စံညွှန်အားလုံးနှင့် ကိုက်ညီမှုရှိသည့် အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံးကစားကွင်းကြီးဖြစ်ကြောင်း ယင်းအားကစားကွင်းကို တည်ဆောက်ပေးခဲ့သည့် China Railway Construction Engineering Group တရုတ်ကုမ္ပဏီ၏ ပြောကြားချက် အရ...
ဟာရာရီ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က ဇင်ဘာဘွေရှိ အကြီးဆုံး လီသီယမ်သတ္တုတွင်း Bikita အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဇွန် ၁၇ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်ကုမ္ပဏီ Sinomine Resource Group သည် ယခုနှစ် ဇန်နဝါရီတွင်...
ကိုင်ရို၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ဇွန် ၁၇ ရက်က ငါးထပ်အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၆ ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hossam Abdel-Ghaffar က ဆင်ဟွာသို့ ပြောကြားခဲ့သည်။...
အစ္စလာမ်မာဘတ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) မှတစ်ဆင့် အောင်မြင်မှုများစွာရရှိခဲ့ပြီး တရုတ်ပြည်သူများနှင့် ဆက်ဆံရေး ဆက်လက်တိုးတက်နေမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ သည်...
ကဘူးလ် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၌ စုံတွဲပေါင်း ၇၀ အတွက် ဒေသတွင်းပရဟိတအဖွဲ့အစည်းက မင်္ဂလာဆောင်ပွဲကြီးတစ်ခုကို စီစဉ်ပေးခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက ဇွန် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ “မနေ့တုန်းက ကဘူးလ်မြို့မှာ စုံတွဲ ၇၀ အတွက်...
အဒစ်အဘာဘာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံက ဦးစားပေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအသီးသီး၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရေအတွက် တိုးပွားလာရေးအား မျှော်လင့်ကြောင်း အဆင့်မြင့် အီသီယိုးပီးယားအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အီသီယိုးပီးယားရင်းနှီးမြှုပ်နှံမှုကော်မရှင်(EIC) ကော်မရှင်နာ Lelise Neme က အီသီယိုးပီးယားနိုင်ငံသည် အဓိကအားဖြင့် ရွေးချယ်ထားသည့် ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအသီးသီး၌ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဂေဟစနစ်ကို လွယ်ကူချောမောစေခြင်း...