ခါတွန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဆူဒန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဆူဒန်နိုင်ငံ West Darfur ပြည်နယ်အတွင်း အရပ်သားများ သေဆုံးခဲ့ရခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ လိုက်ကြောင်း ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ဧပြီ ၂၃ ရက်က ရွှေ့ပြောင်းနေထိုင်သူ ၁၂၀ ဦးတင်ဆောင်ထားသည့် သင်္ဘော ၄ စင်းသည် တူနီးရှားနိုင်ငံအနီးရှိ ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ရာ လူ ၁၂ ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေကာ ကျန်ရှိ ၉၈ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း...
အဘူဂျာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ဧပြီ ၂၂ ရက် ညပိုင်းက နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း Imo နှင့် Rivers ပြည်နယ် စပ်ကြားဒေသရှိ တရားမဝင် ရေနံချက်စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားအရာရှိက ဧပြီ ၂၃ ရက်တွင်...
ကဘူးလ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနသည် ခိုကိုးရာမဲ့ပြည်သူ ၁,၅၀၀ အတွက် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို ဧပြီ ၂၃ ရက်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော်ရှိ လူကြိုက်များသော ကမ်းခြေစားသောက်ဆိုင်တစ်ခု၌ ဧပြီ ၂၂ ရက် ညနေပိုင်းတွင် အသေခံဗုံးခွဲသူတစ်ဦးက ၎င်းကိုယ်တိုင်ဗုံးခွဲခဲ့ချိန်တွင် အနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့ပြီး အခြား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ Lido ကမ်းခြေတွင် မကြာသေးမီကမှ...
ကဘူးလ်၊ဧပြီ ၂၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် Mazar-i-Sharif ဒေသရှိ ဗလီတစ်ခုသည် ဧပြီ ၂၁ ရက်က ဗုံးခွဲတိုက်ခိုက်ခြင်းခံရပြီး မြောက်ပိုင်းပြည်နယ် Kunduz မြို့တော် Kunduz တွင်လည်း ထိုနေ့မှာပင် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ၊ ထိုတိုက်ခိုက်မှုနှစ်ခုအတွင်း လူပေါင်း ဒါဇင်နှင့်ချီ၍...
ကဘူးလ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော် အနောက်ဘက်စွန်ပိုင်းတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအသေအပျောက်ရှိကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Khalid Zadran ကအတည်ပြုပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၏ ၂၃ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် Shahbaz Sharif သည် ဧပြီ ၁၁ ရက် ညပိုင်းတွင် သမ္မတအိမ်တော်၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရီယာ့ဒ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျနိုင်ငံက ယခုနှစ်လာမည့်ဟာ့ဂျ်ဘုရားဖူးရာသီတွင် ပြည်တွင်း/ပြည်ပ မက္ကာဟာ့ဂျ်ဘုရားဖူး တစ်သန်း ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံဟာ့ဂျ် နှင့် Umrah ဝန်ကြီးဌာနက စနေနေ့(ဧပြီ ၉ ရက်)တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ပေကျင်း၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ယူကရိန်းအကျပ်အတည်းစသည့် အကြောင်းအရင်းများ၏ ရိုက်ခတ်မှုကြောင့် အနောက်အာဖရိကဒေသတွင် ၁၀ နှစ်ကြာကာလ အတွင်းအဆိုးဝါးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံတကာ ကူညီပံ့ပိုးရေးနှင့်ပရဟိတ အသင်းအဖွဲ့ ၁၀ ခုကျော်က ဧပြီ ၅ ရက်တွင် သတိပေး ပြောကြားလိုက်သည်။ အဆိုပါ နိုင်ငံတကာအသင်းအဖွဲ့များတွင် Save...