ကိုင်ရို၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ရှေးအီဂျစ်ပြည်သစ်ခေတ်ကာလက သင်္ချိုင်းဂူတစ်ခုကို အီဂျစ်ရှေးဟောင်းသုတေသီများ တွေ့ရှိရကြောင်း အီဂျစ်ခရီးသွားနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ သင်္ချိုင်းဂူသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၄၀၀ မတိုင်မီက ဖြစ်ပြီး ရှေးအီဂျစ်ပြည်သစ်ခေတ်ကာလက အဆင့်မြင့်မင်းမှုထမ်းများနှင့်ယဇ်ဆရာများကို မြှုပ်နှံရာတွင်...
ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဟားမက်စ်အဖွဲ့နှင့် အထိအခိုက်များပြားသောပဋိပက္ခဖြစ်ပွားသည်မှာ ဒုတိယမြောက် သီတင်းပတ်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ကာ အစ္စရေးက ဂါဇာဒေသတွင် ပြင်းထန်သောမြေပြင်စစ်ဆင်ရေးအတွက် ပြင်ဆင်မှုများကို အောက်တိုဘာ ၁၅ ရက်၌ ဆက်လက်ဆောင်ရွက်လျက်ရှိသလို ဂါဇာနယ်စပ်အနီး တပ်များဖြန့်ကျက်ထားကြောင်း သိရသည်။ “ကျွန်တော်တို့ တာဝန်က ဂါဇာထဲဝင်ဖို့၊ ဟားမက်စ်တွေရဲ့ ပြင်ဆင်မှုတွေ၊...
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင် မြောက်ပိုင်းတွင် နေထိုင်သူများ တောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့ရန် အစ္စရေးစစ်တပ် တောင်းဆိုခြင်းခဲ့ရာ ထိုသို့ ဆုံးဖြတ်ချက်က “အလွန်အမင်း အန္တရာယ်များ”ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အောက်တိုဘာ ၁၃ ရက်၌သတိပေး ပြောကြားခဲ့သည်။ နေထိုင်သူ ၁...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က စစ်သွေးကြွများကို နှိမ်နင်းရန် ဂါဇာကမ်းမြောင်ရှိ အချို့ဒေသများကို အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း အောက်တိုဘာ ၁၃ ရက်က ကြေညာခဲ့သည်။ IDF က “ယင်းဧရိယာအတွင်း တွေ့ရတဲ့ အကြမ်းဖက် အဆောက်အအုံတွေနဲ့ အကြမ်းဖက်အဖွဲ့တွေကို” ဖျက်ဆီးရန် ဂါဇာတွင် တိုက်ခိုက်မှုများ...
ဘေရွတ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံ နယ်စပ်အခြေအနေ အထိန်းအကွပ်မဲ့ ဖြစ်နိုင်ရာ သက်ဆိုင်ရာအသီးသီးက အရေးပေါ် အပစ်အခတ်ရပ်စဲကြရန် တိုက်တွန်းကြောင်း လက်ဘနွန်အခြေစိုက်ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အစ္စရေးက ယင်းနေ့ညပိုင်းတွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်း...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အစ္စရေးက မြေပြင်စစ်ဆင်ရေးများ ပြုလုပ်နိုင်မည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် ကမ်းရိုးတန်းဒေသ တောင်ပိုင်းဧရိယာသို့ ရွှေ့ပြောင်းကြရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အောက်တိုဘာ ၁၃ ရက်၌ ညွှန်ကြားထားကြောင်း သိရသည်။ “အရပ်သားတွေအားလုံး ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရှိစေရေးအတွက် နေရာရွှေ့ပြောင်းကြဖို့ IDF အနေနဲ့တိုက်တွန်းပါတယ်”...
ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) လွန်ခဲ့သောသီတင်းပတ်ကုန်တွင် ဟားမက်စ်များက အစ္စရေးအား ရုတ်တရက်တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနေရာများကို တန်ပြန်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းများကြောင့် ဖြစ်ပွားလာသော ကြောက်မက်ဖွယ် ပဋိပက္ခများကို ကြီးကြပ်ကွပ်ကဲရန် အစ္စရေးနိုင်ငံက ညီညွတ်ရေးအစိုးရတစ်ရပ်နှင့် စစ်ပွဲကာလအစိုးရအဖွဲ့တစ်ရပ်ကို အောက်တိုဘာ ၁၁ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါ...
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။...
ဟာရတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်ပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်၌ အင်အား ၆.၃ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၈၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မူရတ်အမည်ရှိသော ဆရာဝန်တစ်ဦးက ပြောခဲ့သည်။ ဒဏ်ရာရသူအများစုကို Rubat Sangi...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဂါဇာဒေသရှိ ဟားမက်စ်အဖွဲ့၊ လက်ဘနွန်နိုင်ငံရှိ စစ်သွေးကြွများနှင့် လက်ရှိ ပဋိပက္ခဖြစ်ပွားမှုကို အထောက်အကူဖြစ်စေရန် လက်နက်ခဲယမ်းများ တင်ဆောင်လာသော ပထမဆုံး အမေရိကန်လေယာဉ် အစ္စရေးနိုင်ငံသို့ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။ အဆင့်မြင့်လက်နက်ခဲယမ်းများ တင်ဆောင်လာသော...