AMIZMIZ ၊ မော်ရိုကို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး ၃ ရက်အကြာ၌ သေဆုံးသူအရေအတွက်မှာ ၂,၈၆၂ ဦး ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ်ခံစားရသော ဒေသများသို့ ပြည်ပရောက်တရုတ်နွယ်ဖွားများက ငွေသားနှင့် ထောက်ပံ့ပစ္စည်းများ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ ထို့ပြင် ငလျင်ဒဏ်ခံစားခဲ့ရသော Atlas တောင်တန်းဒေသ၏...
ထရီပိုလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသတွင် စက်တင်ဘာ ၁၀ ရက်က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးပြီး လူပေါင်းထောင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ယင်းဒေသအခြေစိုက် ဝန်ကြီးချုပ် Osama Hammad က စက်တင်ဘာ ၁၁ ရက်၌...
ဟာရာရီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံသမ္မတ Emmerson Mnangagwa သည် ပြီးခဲ့သည့်လတွင် ဒုတိယအကြိမ် ပြန်လည်အရွေးခံရပြီးနောက် အဖွဲ့ဝင် ၂၆ ဦးပါသော အစိုးရအဖွဲ့သစ်ကို စက်တင်ဘာ ၁၁ ရက်က ကြေညာခဲ့သည်။ သမ္မတသည် အစိုးရဝန်ကြီးအများအပြားကို ပြန်လည်ခန့်အပ်ခဲ့ပြီး ၎င်းတို့အနက် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဝန်ကြီး...
Amizmiz ၊ မော်ရိုကို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းအထိ ၂,၈၆၂ ဦးအထိ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူများမှာ ၂,၅၆၅ ဦးရှိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua) ………………………………...
AMIZMIZ ၊ မော်ရိုကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာ ၈ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူ ၂,၁၂၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂,၄၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်က...
ရာဘတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၉ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၆၃၂ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ ငလျင်ကြောင့် လူပေါင်း...
Yesud HaMa’ala ၊ အစ္စရေး၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ယဉ်ကျေးမှုများစွာ၏ ဒဏ္ဍာရီဆန်လှသော သမိုင်းကြောင်းရှည်ရှိသည့် တလည်းသီးကို အစ္စရေးနိုင်ငံတွင် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ပတ္တမြားကဲ့သို့ အနီရောင်အဆင်းရှိသော အဆိုပါသစ်သီးသည် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (antioxidants) နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သဖြင့် အစ္စရေးနိုင်ငံတွင် လူကြိုက်များလျက်ရှိသည်။...
အဘူဂျာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ် Sylvain Itte ကို နှင်ထုတ်ရန် အရေးယူဆောင်ရွက်သွားမည်ဟု နိုင်ဂျာ စစ်အစိုးရ၏ နိုင်ငံခြားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် နိုင်ငံပိုင် ရေဒီယို အသံလွှင့်ဌာနမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ဂျာစစ်အစိုးရက ရဲဌာနသို့...
ဒူဘိုင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲသို့ အားကစားသမား ၁၄၀ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမားများအနေဖြင့်...
လီဘရာဗီးလ်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) ဂါဘွန်စစ်တပ်အရာရှိများက အာဏာကို လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း ပြောကြားလျက် ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ကြောင်းနှင့် အဖွဲ့အစည်းများအားဖျက်သိမ်းလိုက်ကြောင်း ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်ဟု သတင်းများအရ သိရသည်။ နောက်ထပ် ကြေညာချက်ထုတ်ပြန်ခြင်းမရှိသည့်တိုင်အောင် ဂါဘွန်နိုင်ငံ၏ နယ်စပ်များကို ပိတ်ထားမည်ဖြစ်ကြောင်း၊ မြို့တော် လီဘရာဗီးလ်တွင် သေနတ်ပစ်ခတ်မှုများကိုလည်း ကြားနေရကြောင်း သတင်းများ၌...