ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ နှင့် အီရတ် ပြည်သူ့စစ် “အစ္စလာမ္မစ် တော်လှန်ရေး အဖွဲ့” ပူးတွဲလှုပ်ရှားမှုဖြင့် အစ္စရေး ဟိုင်ဖာဆိပ်ကမ်း၏ “အဓိက ပစ်မှတ်” ကို တိုက်ခိုက်ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။...
ဂါဇာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့ မှ ဒုံးကျည်အစင်း ၂၀ ခန့်ကို အစ္စရေးဘက်သို့ ဇူလိုင် ၁ ရက်က ပစ်ခတ်ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြား၌ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်း လက်နက်ကိုင်များအား သတ်ဖြတ်ခဲ့ကြောင်း...
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ ရေပြည့်လျှံနေသော လမ်းများပေါ်၌ လမ်းဘေးဈေးသည်များ၊ ဆော့ကစားနေသော ကလေးများ၊ ဖြတ်သန်းသွားလာနေသော ဒေသခံများကို မြင်တွေ့ရသည်။ ပန်ဂျပ်ပြည်နယ်တွင် လာမည့် မုတ်သုံရာသီအတွင်း မိုးပိုမိုရွာသွန်းနိုင်မည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှု...
ဂျေရုဆလမ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အစ္စရေးတပ်၏ ဟားမက်စ်ကို ချေမှုန်းမှုက “နောက်ဆုံးအဆင့်” သို့ ရောက်ရှိနေပြီဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးတပ်၏ တိုက်ခိုက်မှုများက “ကြီးမားသည့် အောင်မြင်မှု” ရရှိခဲ့ပြီးဖြစ်ရာ ဟားမက်စ်ကို...
ဂျေရုဆလမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀ ထက်မနည်းသေဆုံးပြီး ၂၂၄ ဦး ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဇွန် ၂၉ ရက်တွင်ပြောကြားသည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စတင်ဖြစ်ပွားသည့်အချိန်မှစပြီး သေဆုံးသူပေါင်း ၃၇,၈၃၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း...
အစ္စတန်ဘူလ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တူကီယဲနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် ဇွန် ၃၀ ရက်က ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၁၀ ဦးထက်မနည်း ပြင်းထန်စွာ...
ဂျေရုဆလမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဆီးရီးယားနိုင်ငံရှိ ဂိုလန်ကုန်းမြင့် ဇွန် ၃၀ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အစ္စရေး စစ်သား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရသူများအား ဆေးကုသရန်...
အစ္စလာမ်မာဘတ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပတ်ခ်တွန်ခဝါ ပြည်နယ်၌ ကလေးငယ် ၁ ဒသမ ၃သန်း နီးပါးကို ရည်ရွယ်၍ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှု စတင်ပြုလုပ်ခဲ့ကြောင်း ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေး စင်တာက ဇွန် ၂၈ ရက်တွင်ပြောသည်။ အသက် ငါးနှစ်အောက်...
ဘေရွတ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းရှိ ဇေလီမြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ဟိုက်ဘရစ်လျှပ်စစ်ကားလေးစီးကို ဇွန် ၂၈ ရက်က စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ ယင်းမြို့တွင် လေထုညစ်ညမ်းမှုမြင့်တက်လာသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် လျှပ်စစ်ကားများကို သုံးစွဲ၍ ပြေးဆွဲခြင်းဖြစ်သည်ဟု မြို့တော်ဝန် အဆတ်ဒ်ဇန်ဟစ်က ပြောကြားသည်။ နိုင်ငံအတွင်း...
ဂါဇာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားကို ဇွန် ၂၈ ရက်က တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီက အဆိုပါနေ့တွင် ဖော်ပြခဲ့သည်။ (Xinhua) ……………………………… (Chinese Version) 以军袭击加沙地带多地造成至少15人死亡 加沙,2024年6月28日...