နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တွန်ဂါနိုင်ငံ၏ မီးတောင်ကပ်ဘေး ကယ်ဆယ်ရေး အကူအညီတောင်းခံမှုကြောင့် တရုတ်နိုင်ငံ စစ်တပ်မှ စေလွှတ်သည့် ရေတပ်သင်္ဘောအုပ်စုသည် ဒုတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်အတွက် ဇန်နဝါရီ ၃၁ ရက်က ကွမ်ကျိုးမြို့မှ စတင်ထွက်ခွာခဲ့သည်။
နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ပင်လယ်ရေမိုင် ၅,၂၀၀ ကျော် ဆက်တိုက်ခရီးနှင်ပြီးနောက် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် တရုတ်နိုင်ငံ ရေတပ် သင်္ဘောအုပ်စုသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ဆန်နာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံအစိုးရက တရုတ်-ကင်ညာ “၂၀၁၈ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်း” ၏ အဋ္ဌမအသုတ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က မြို့တော် နိုင်ရိုဘီတွင် ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ထောက်ပံ့မှုသည် အဆိုပါစီမံကိန်း၏...
ကဘူးလ်၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်တွင် ပိတ်ဆို့ထားသည့် အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုထက်ဝက်ကို “9/11” အကြမ်းဖက်တိုက်ခိုက်မှု၌ နစ်နာသူများအား လျော်ကြေးပေးရာတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၁၁ ရက်တွင် သမ္မတအမိန့် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
လားဂို့စ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံရှိ စီးပွားရေးအချက်အခြာဖြစ်သော လားဂို့စ်မြို့တွင် သုံးထပ်အဆောက်အဦ ပြိုကျပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်က လူ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က စစ်တပ်အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးရရှိရန် ရည်ရွယ်ထားသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ခုအား လမ်းဖွင့်ထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်၌ အလေးအနက် ပြောကြားခဲ့သည်။
ထရီပိုလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် အစိုးရလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုပြောကြားလျက် ဝန်ကြီးအချို့နုတ်ထွက်ကြောင်း သတင်းများကို အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်၌ ငြင်းဆိုခဲ့သည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်နစ္စတန်သို့ ပံ့ပိုးပေးသော အရင်းအမြစ်များသည် အာဖဂန် ပြည်တွင်းအိုးမဲ့အိမ်မဲ့များ အေးခဲသည့်ဆောင်းရာသီနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ကျော်ဖြတ်ရာတွင် အကူအညီဖြစ်စေသလို နိုင်ငံရေးအလွှာမှ တရုတ်နိုင်ငံ၏ပါဝင်က ရေရှည်ဖြေရှင်းရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ...
ဆန်နာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူတီစစ်သွေးကြွများက ဆော်ဒီအာရေးဗျနိုင်ငံ Abha လေဆိပ်အား ဒရုန်းပေါ်မှနေ၍ ဗုံးပစ်ချ တိုက်ခိုက်မှုတစ်ခုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ အဲဒီတိုက်ခိုက်မှုဟာ လေဆိပ်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အရာဝတ္တုတစ်ခုကို တိတိကျကျ ထိမှန်သွားပါတယ်” ဟု...