တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်သည် အခြားကဏ္ဍများအကြား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်လက်မဲလူဦးရေလျှော့ချရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေး စသည်တို့မှတစ်ဆင့် အာဖရိကတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား အသွင်ပြောင်းလဲမှုဆီသို့ ကြီးမားစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ (Xinhua) ……………………………… (English Version) Experts and scholars said that...
ဆီးရီးယားနိုင်ငံတွင် ထုတ်လုပ်သည့် နာမည်ကျော်“ရွှေနီ” ဟု လူသိများသော ပီစတာချီအို အခွံမာသီး စိုက်ပျိုးထုတ်လုပ်ရေးတွင်ပင်လျှင် အမေရိကန်၏ပိတ်ဆို့မှုကြောင့် ရုန်းကန်နေရသည်။ စိုက်ပျိုးရေး၊ ဆည်မြောင်းရေသွယ်ရေး၊ ပိုးမွှားထိန်းချုပ်ရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာနှင့်လောင်စာဆီ မရရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ (Xinhua) …………………………………… (English Version) In Syria, even production...
တိရစ္ဆာန်အခွင့်အရေးနှင့် ၎င်းအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများအကြား ဘေးကျပ်နံကျပ်ဖြစ်နေသည့် တူရကီနိုင်ငံရှိ မြို့များတွင် ခွေးလေခွေးလွင့်များ၏တိုက်ခိုက်မှုများမှ ကာကွယ်ရန် ရည်ရွယ်ထားသော အပလီကေးရှင်းကို မသမာသူများ၏ အလွဲသုံးမှုကြောင့် အငြင်းပွားရာမှ တရားရုံးက ပိတ်ပစ်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua) …………………………………. (English Version) In dilemma between animals rights...
တရုတ်အင်ဂျင်နီယာအဖွဲ့က တူနီးရှားနိုင်ငံ၌ ဧရာမရေကာတာကြီးတည်ဆောက်လျက်ရှိရာ တည်ဆောက်ပြီးစီးပါက ၎င်းမှာ တူနီးရှားနိုင်ငံ၏ အကြီးဆုံး ရေထိန်းသိမ်းရေးအဆောက်အအုံကြီးများအနက် တစ်ခုဖြစ်လာမည် ဖြစ်ပြီး ယင်းနိုင်ငံ၏ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua) ………………………………………. (English Version) Chinese engineering team is...
ဂျေရုဆလင်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ဌာန၏ သြဂုတ် ၂၃ ရက် ထုတ်ပြန်ချက်အရ ရှေးဟောင်းသုတေပညာရှင်များက အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ Negev သဲကန္တာရဒေသတွင် ခမ်းနားသော ရှေးဟောင်း နေအိမ်တစ်ခု၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ယင်းအဆောက်အအုံသည် နှစ်ပေါင်း ၁,၂၀၀ သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။...
ရာသီဥတုပြောင်းလဲမှုက မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအား ဆိုးဝါးစွာ ခြိမ်းခြောက်လျက်ရှိကြောင်းနှင့် လယ်ယာစိုက်ပျိုးရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အလေ့အကျင့်ကို မြှင့်တင်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု၏ သဘောသဘာဝအသစ်များကို သတ်မှတ်ကျင့်သုံးရန် မိတ်ဆက်သင့်ကြောင်း ပါကစ္စတန် ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက ရှုမြင်သုံးသပ်ထားသည်။ (Xinhua) ……………………………………………… (English Version) Pakistani experts...
အစ္စရေးနိုင်ငံအနေဖြင့် ၎င်းတို့ကန့်ကွက်ထားသော အီရန်နျူကလီးယား သဘောတူစာချုပ်အတိုင်း လုပ်ဆောင်မည်မဟုတ်ကြောင်း၊ အီရန်နိုင်ငံအား နျူကလီးယားပိုင်ဆိုင်မှုမှ တားဆီးနိုင်ရန် အရာအားလုံးကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/yVI ————————- Israeli Prime Minister Yair Lapid makes a statement with French...
ရောင်ဒေး ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ (ဆန်းရှီး) မှ ကင်မရွန်းနိုင်ငံ Mbalmayo မြို့သို့သွားရောက် အကူအညီပေးသည့် ၂၂ သုတ်မြောက် ဆေးဘက်ဆိုင်ရာအဖွဲ့က ဒေသခံရွာသားများအား “နွေးထွေးမှုနှင့် ကျန်းမာမှု ဆောင်ကြဉ်းပေးနိုင်ရေးအတွက်” အခမဲ့ဆေးကုသမှုများကို သြဂုတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုလံဘီယာနိုင်ငံတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၂၇၃ ဦးရှိပြီဖြစ်ကြောင်း၊ ယင်းအနက် အများစုဖြစ်သော ၂၂၇ ဦးမှာ မြို့တော် ဘိုဂိုတာမှ ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးအင်စတီကျုက ဩဂုတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။ ကိုလံဘီယာနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုမြင့်တက်နေစဉ် ရောဂါထိန်းချုပ်ရေးအတွက် အားကောင်းသော ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် ကိုလံဘီယာ...
နိုင်ရိုဘီ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်ခုတွင် သြဂုတ် ၁၉ ရက် ညပိုင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦးသေဆုံးကာ ၁၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာကျန်းမာရေးဌာနက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။