ဘေရွတ် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ပထမဆုံးအကြိမ်အဖြစ်လူမြင်ကွင်းထွက်၍ ရုပ်သံမှတဆင့်မိန့်ခွန်းပြောကြားရာတွင် ၎င်း၏ တပ်ဖွဲ့အနေဖြင့် ထောင်ပေါင်းများစွာသော ဒုံးပျံများကို တိကျမှန်ကန်သော ဒုံးကျည်ထိပ်ဖူးများအဖြစ်ပြောင်းလဲပစ်နိုင်စွမ်းရှိကြောင်း နှင့် လက်ဘနွန်နိုင်ငံအတွင်း ဒရုန်းများ(မောင်းသူမဲ့လေယာဉ်ငယ်များ) ကို ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင်...
Ouagadougou ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာကီးနားဖားဆို နိုင်ငံမှ စစ်အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟန်ရီ ဆန်ဒိုဂို ဒမ်မီဘာ (Lt. Col. Paul-Henri Sandaogo Damiba ) က နိုင်ငံ၏ သမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တွန်ဂါနိုင်ငံ၏ မီးတောင်ကပ်ဘေး ကယ်ဆယ်ရေး အကူအညီတောင်းခံမှုကြောင့် တရုတ်နိုင်ငံ စစ်တပ်မှ စေလွှတ်သည့် ရေတပ်သင်္ဘောအုပ်စုသည် ဒုတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်အတွက် ဇန်နဝါရီ ၃၁ ရက်က ကွမ်ကျိုးမြို့မှ စတင်ထွက်ခွာခဲ့သည်။
နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ပင်လယ်ရေမိုင် ၅,၂၀၀ ကျော် ဆက်တိုက်ခရီးနှင်ပြီးနောက် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် တရုတ်နိုင်ငံ ရေတပ် သင်္ဘောအုပ်စုသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ဆန်နာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံအစိုးရက တရုတ်-ကင်ညာ “၂၀၁၈ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်း” ၏ အဋ္ဌမအသုတ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က မြို့တော် နိုင်ရိုဘီတွင် ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ထောက်ပံ့မှုသည် အဆိုပါစီမံကိန်း၏...
ကဘူးလ်၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်တွင် ပိတ်ဆို့ထားသည့် အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုထက်ဝက်ကို “9/11” အကြမ်းဖက်တိုက်ခိုက်မှု၌ နစ်နာသူများအား လျော်ကြေးပေးရာတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၁၁ ရက်တွင် သမ္မတအမိန့် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
လားဂို့စ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံရှိ စီးပွားရေးအချက်အခြာဖြစ်သော လားဂို့စ်မြို့တွင် သုံးထပ်အဆောက်အဦ ပြိုကျပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်က လူ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က စစ်တပ်အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးရရှိရန် ရည်ရွယ်ထားသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ခုအား လမ်းဖွင့်ထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်၌ အလေးအနက် ပြောကြားခဲ့သည်။
ထရီပိုလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် အစိုးရလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုပြောကြားလျက် ဝန်ကြီးအချို့နုတ်ထွက်ကြောင်း သတင်းများကို အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်၌ ငြင်းဆိုခဲ့သည်။