Africa & Middle East
တောင်အာဖရိကနိုင်ငံ Prince Edward ကျွန်းစု ပင်လယ်ပြင်တွင် ပြင်းအား ၆.၇ အဆင့် ငလျင်လှုပ်ခတ်

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ Prince Edward ကျွန်းစု ပင်လယ်ပြင်တွင် ဇန်နဝါရီ ၂၂ ရက် ညပိုင်းက ပြင်းအား ၆.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီး ဆုံးရှုံးမှုစာရင်း မရှိသေးကြောင်းသိရသည်။
အဆိုပါငလျင်မှာ ဇန်နဝါရီ ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၁၉ နာရီ ၀၁ မိနစ်တွင် တောင်လတ္တီတွဒ် ၄၃.၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၄၂.၂၂ ဒီဂရီ ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS)၏ သတင်းများအရ သိရသည်။
Prince Edward ကျွန်းစုသည် တောင်အာဖရိက၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထူးဒေသ တစ်ခုဖြစ်ပြီး ကျွန်းပေါ်တွင် အမြဲတမ်းနေထိုင်သူမရှိကြောင်း သိရသည်။ (Xinhua)