Connect with us

Africa & Middle East

ဂါဇာဒေသတွင် မငြိမ်သက်မှုများ ဆက်လက် ဖြစ်ပွားနေမည် ဆိုပါက တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အစ္စရေးက သတိပေး

အစ္စရေး နှင့် ဂါဇာ ဒေသ အကြား နယ်နိမိတ် တစ်လျှောက် အစ္စရေး တပ်ဖွဲ့ ဝင်များ ကင်းလှည့်နေမှုအး တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဂါဇာကမ်းမြောင် ဒေသတွင် မငြိမ်သက်မှုများ ဆက်လက် ဖြစ်ပွားနေမည် ဆိုပါက ၎င်း၏ တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်း အစ္စရေး စစ်ဘက်က ဇန်နဝါရီ ၂၂ ရက်တွင် သတိပေး လိုက်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင် ဒေသ မြောက်ပိုင်းတွင် ဇန်နဝါရီ ၂၂ ရက် ညပိုင်းတွင် အစ္စရေး တိုက်လေယာဉ်များက လေကြောင်း တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သဖြင့် အသက် ၂၄ နှစ် အရွယ်ရှိ ဟားမတ်စ် စစ်သွေးကြွ တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုများသည် ပါလက်စတိုင်း နယ်မြေ နှင့် အစ္စရေး နိုင်ငံ အား နယ်မြေ ပိုင်းခြားထားသည့် နယ်နိမိတ် တစ်လျှောက် များစွာသော ပစ်ခတ်မှုများကို ပြန်လည် လက်တုံပြန့်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ဝင်များက တစ်နေ့တာလုံး တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တိုက်ခိုက်ရေး လေယာဉ်များက ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဟားမတ်စ် စစ်စခန်း တစ်ခု အတွင်းရှိ အကြမ်းဖက်တို့၏ နေရာများအား ဇန်နဝါရီ ၂၂ ရက်တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူက ထည့်သွင်း ပြောကြားခဲ့သည်။

ဂါဇာဒေသမှ ငြိမ်းချမ်းရေး ချိုးဖောက်သော လုပ်ရပ် အားလုံး အတွက် ဟားမတ်စ်တွင် တာဝန်ရှိကြောင်း ၎င်းက သတိပေးခဲ့သည်။

အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ဂါဇာဒေသမှ အကြမ်းဖက် လုပ်ရပ်များ အားလုံးကို ဆန့်ကျင်မှုများ ပြုလုပ် သွားရန် နှင့် အစ္စရေး ပြည်သူများကို ကာကွယ်ရန် ပြင်ဆင်ထားကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.