Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၂၅ ခုနှစ်တွင် ငှက်ဖျားရောဂါလုံးဝကင်းစင်စေရေး တရုတ်နိုင်ငံကအကူအညီပေးရန် ဝန်ကြီးချုပ်ဟွန်ဆန် မေတ္တာရပ်ခံ

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် နှင့် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး နှင့် သားဆက်ခြားကော်မရှင် ဥက္ကဋ္ဌ Li Bin တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၂၅ ခုနှစ်တွင် ငှက်ဖျားရောဂါလုံးဝ ကင်းစင်သွားစေရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒတ်ဟွန်ဆန်က မေတ္တာရပ်ခံခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦးက ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားသည်။

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး နှင့် သားဆက်ခြား ကော်မရှင် ဥက္ကဋ္ဌ လီဘင်(Li Bin) နှင့် တွေ့ဆုံစဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ်က အကြံပြုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး၏ ကိုယ်ရေးအရာရှိ Eang Sophalleth က ဆိုသည်။

“ ၂ဝ၂၅ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ငှက်ဖျားရောဂါ လုံးဝ ကင်းစင်ရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးဖို့ဝန်ကြီးချုပ်ဟွန်ဆန် က လီ ထံ မေတ္တာရပ်ခံခဲ့ပါတယ်” ဟု သတင်းသမားများနှင့်တွေ့ဆုံစဉ် Sophalleth ကဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၂ဝ ခုနှစ်မှ စတင်ကာ ငှက်ဖျားတိုက်ဖျက်ရေး ၅ နှစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၄၂ သန်း အသုံးပြုသွားရန် စီစဉ်ထားပြီး ၂ဝ၂၅ ခုနှစ်တွင် ငှက်ဖျားလုံးဝ ကင်းစင်သွားရန် ရည်မှန်းချက် ချမှတ်ထားကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ငှက်ဖျားရောဂါ ကူးစက်ခံရသူပေါင်း ၅၁ဝဝဝ ဦးရှိခဲ့ပြီး ၎င်းရောဂါဖြင့် လူပေါင်း ၁ဝ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲတွင် ဝန်ကြီးချုပ်ဟွန်ဆန်က တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တန်ဖိုးကြီးမာပုံအကြောင်းကိုလည်း ဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများသည် ကမ္ဘောဒီးယားပြည်သူများအတွက် ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်ကြောင်း ဟွန်ဆန်က ဆိုသည်။

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး နှင့် သားဆက်ခြားရေးကော်မရှင်ဥက္ကဋ္ဌ လီက အနာဂတ် ကျန်းမာရေးကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟွန်ဆန်နှင့် မတွေ့ဆုံမီတစ်ရက်က လီသည် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး Mam Bunheng နှင့်တွေ့ဆုံ၍ ကျန်းမာရေးသုသေတနလုပ်ငန်း ၊ စွမ်းဆောင်ရေးမြှင့်တင်ခြင်းလုပ်ငန်း ၊ မိခင် နှင့် ကလေး ပြုစုရေး ၊ ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoUs) များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.