Connect with us

Asia

အာချေးငလျင် ဒဏ်ကြောင့် ၂ဝ ဦးသေ ၊ ၅ဝ ကျော်ပိတ်မိနေ

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသပြမြေပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အပျက်အစီးပုံများကြားတွင် ပိတ်မိနေသူ ၅ဝ ဦးကျော် ကို ကယ်တင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေရကြောင်း နှင့် ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၂ဝ ဦးထက်မနည်း သေဆုံးသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

စစ်သားများ၊ရဲသားများ ၊ ကယ်ဆယ်ရေးအရာရှိများ ၊ သဘာဝဘေးအန္တရာယ်အေဂျင်စီ နှင့် စေတနာ့ဝန်ထမ်းလုပ်အားပေးများသည် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း Pidie Jaya သဘာဝဘေးအန္တရာယ် အေဂျင်စီ အကြီးအကဲ Apriadi က ဆိုသည်။

“ ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့က လက်ရှိ ကျွန်တော်တို့ရဲ့ ဦးစားပေး အစီအစဉ်ပါ” ဟု Apriadi က ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။
ငလျင်သင့်ပြည်သူအများစုသည် Pidie Jaya ခရိုင်၌ အဆောက်အအုံ နှင့် ဈေးများ၏ အပျက်အစီးပုံများ ရိုက်ခတ်မှုဒဏ်ကို ခံရကြောင်း ၎င်းက ဆက်ပြောသည်။ ကယ်ဆယ်ရေး အစီအစဉ်အတွက် စက်ယန္တယားကြီးများကို အသုံးပြု လုပ်ကိုင်နေကြောင်း Apriadi က ဖြည့်စွက်ပြောကြားခဲ့သည်။
ဒဏ်ရာရသူများကို ခရိုင်ဆေးရုံများသို့ပို့ဆောင်ပေးထားကြောင်း ၎င်းကဆက်ပြောသည်။
အဆောက်အုံပြိုကျခြင်း နှင့် အမှိုက်ပုံများကြားတွင် ပိတ်မိနေခြင်းတို့ကြောင့် လူ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် အနည်းဆုံး လူ ၂ဝ ကျော်သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စီ၏ သတင်းထုတ်ပြန်ရေးအရာရှိ Heni Nurmaini က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.