Connect with us

Asia

ဂျပန်နိုင်ငံတွင် ကြက်တုပ်ကွေးကြောင့် ကြက်ကောင်ရေ ၂၁၀,၀၀၀ကျော် သုတ်သင်

ဂျပန်နိုင်ငံ ရှိ ကြက်မွေးမြူရေးခြံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးခရိုင် ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့၍ ဒီဇင်ဘာ ၁၇ရက်မှစတင်ကာ ကြက်ကောင်ရေ ၂၁၀,၀၀၀ သုတ်သင်ခဲ့ရကြောင်း သိရသည်။

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးခရိုင် ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ရှီမိဇုမြို့နယ် ရှိ မွေးမြူရေးခြံတစ်ခုတွင် ဒီဇင်ဘာ ၁၆ရက် က ကြက်အကောင် ၃၀သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၇ကောင်တွင် ကြက်တုပ်ကွေးပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း နှင့် ထပ်မံစစ်ဆေးချက်များအရ ကူးစက်မှုပြင်းထန်သည့် H5ရောဂါပိုး ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေသခံအုပ်ချုပ်ရေးမှူး က မွေးမြူရေးခြံရှိ ကြက်ကောင်ရေ ၂၁၀,၀၀၀ အား သုတ်သင်ရန် အမိန့်ထုတ်ထားပြီး ၁၀ကီလိုမီတာ ပတ်ဝန်းကျင်ရှိ မွေးမြူရေးခြံများကိုလည်း ကြက်များ ပို့ဆောင်ရောင်းဝယ်ခြင်း မပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

ကြက်တုပ်ကွေးတွေ့ရှိခဲ့သည့် မွေးမြူရေးခြံ၏ ၁၀ကီလိုမီတာ ပတ်လည်အတွင်းရှိ ကြက်ခြံများတွင် ကြက်ကောင်ရေ ၁၉၂,၀၀၀ မွေးမြူထားကြောင်း သိရသည်။

ဂျပန်နိုင်ငံ အအိုမိုရိ ခရိုင် နှင့် နိအိဂါတာခရိုင်တို့ရှိ ကြက်မွေးမြူရေးခြံများတွင်လည်း နိုဝင်ဘာလကတည်းက ကြက်ငှက်တုပ်ကွေးရောဂါပိုး ဖြစ်ပွားခဲ့၍ ကြက်ကောင်ရေ စုစုပေါင်း ၅၇၀,၀၀၀ သုတ်သင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.