Connect with us

Asia

ဆင်စွယ်များ၊ ကျားရိုးများ၊ သင်းခွေချပ်များ ကမ္ဘောဒီးယား ဆိပ်ကမ်းတွင် ဖမ်းဆီးရမိ

သြဂုတ်လအတွင်းက Sihanoukville ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဆိပ်ကမ်း၌ ဖမ်းမိခဲ့သည့် ဆင်စွယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင် အနောက်ဖျားပိုင်းရှိ ဆိပ်ကမ်း တစ်ခု၌ ဒီဇင်ဘာလ ၁၈ ရက်က အာဖရိကမှ တင်သွင်းလာသည့် သစ်တုံးများအတွင်း၌ ဆင်စွယ်များ၊ ကျားရိုးများနှင့် သင်းခွေချပ်များအား တွေ့ရှိခဲ့ကြောင်း အဆင့်မြင့် အရာရှိ တစ်ဦးက တနင်္လာနေ့ (ဒီဇင်ဘာလ ၁၉ ရက်) တွင် အတည်ပြုပြောကြားလိုက်သည်။

ဖနွမ်းပင် တော်ဝင် ရထားဘူတာရုံ ဆိပ်ကမ်းရှိ သစ်သားပိုင်း သုံးခုအတွင်း အလေးချိန် တစ်တန်ခန့်ရှိသော တိရစ္ဆာန် အစိတ်အပိုင်းများအားလည်းတွေ့ရှိခဲ့ကြောင်း ဖနွမ်းပင် သစ်တောလုပ်ငန်း အုပ်ချုပ်ရေး နယ်မြေ လက်ထောက် အကြီးအကဲ Un Vannarith က ပြောကြားခဲ့သည်။

“အာဖရိက တောင်ပိုင်း မိုဇမ်ဘစ်နိုင်ငံမှ တင်သွင်းလာတဲ့ သစ်တုံး သုံးလုံးအတွင်းမှာ ပြွတ်သိပ်ထည့်ထားတဲ့ ဆင်စွယ်များ၊ ကျားရိုးများ၊ သင်းခွေချပ်များ တွေ့ခဲ့တယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောကြားခဲ့ပြီး World Customs Organization ၏ ဒေသဆိုင်ရာ ရုံးခွဲမှ သတင်းပေးမှုကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ပစ္စည်းများ ပို့ဆောင်မည့် လိပ်စာအား မသိရှိရသေးကြောင်းနှင့် မှောင်ခိုသွင်းသူအား စုံစမ်းနေကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

သြဂုတ်လအတွင်းကလည်း အာဖရိကမှ သင်္ဘောဖြင့် တင်ပို့လိုက်သည့် ပြောင်းဖူး ကွန်တိန်နာအတွင်း ဝှက်ထားသော ဆင်စွယ် ၆၁၃ ကီလိုဂရမ်အား ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်း Preah Sihanouk ပြည်နယ်ရှိ Sihanoukville ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဆိပ်ကမ်း၌ တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.