Asia
ဂျပန်နိုင်ငံ မြေငလျင်လှုပ်ခတ်ရာနေရာများတွင် နောက်ဆက်တွဲငလျင်နှင့် ဆက်စပ်ဘေးအန္တရာယ်များ သတိထားရန် ဂျပန်မိုးဇလမှ သတိပေး

တိုကျို၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံ Yamagata စီရင်စုအနီး ပင်လယ်ပြင်တွင် ဇွန် ၁၈ ရက်က အင်အား ၆.၇ အဆင့် ငလျင် လှုပ်ခတ်ခဲ့ရာ Niigata နှင့်Yamagata စီရင်စု၌ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။ အဆိုပါဒေသများတွင် နောက်ဆက်တွဲငလျင်နှင့် ငလျင်အပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆက်စပ် ဘေးအန္တရာယ်များကို သတိထားကြရန် ဂျပန်နိုင်ငံ မိုးဇလဌာနမှ ဇွန် ၁၉ ရက်တွင် သတိပေးနှိုးဆော်လိုက်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် Niigata ၊Yamagata ၊Ishikawa ၊Miyagi စီရင်စုများတွင် စုစုပေါင်း လူ ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်မီဒီယာသတင်းများအရ သိရသည်။ ထို့အပြင် ငလျင်ဒဏ်ကြောင့် အဆောက်အဦအချို့ ပျကစီးခဲ့သလို ၊ မြေပြိုခြင်း၊ လမ်းမြေပြင်အနေအထားပြောင်းလဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဆူနာမီမှာ ကြိုတင်ခန့်မှန်းထားသလောက် ပြင်းထန်မှု မရှိကြောင်း သိရသည်။
ဇွန် ၁၈ ရက် ငလျင်လှုပ်ခတ်မှုအပြီး Yamagataစီရင်စုရှိ မြင်ကွင်းအချို့အား တွေ့ရစဉ် (ဆင်ဟွာ)

ငလျင်လှုပ်ခတ်ပြီးနောက် Yamagataနှင့် Niigata စီရင်စုတွင် နေအိမ် ၉၂၃၂ အိမ် မီးများ ပြတ်တောက်ခဲ့ရာ ဇွန် ၁၉ ရက် နံနက်တွင် မီးပြန်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Yamagataနှင့် Niigata စီရင်စုတွင် ဇွန် ၁၉ ရက်က မိုးများရွာသွန်းခဲ့သည်။ ငလျင်အပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှုစသည့် ဆက်စပ်ဘေးအန္တရာယ်များကို သတိထားကြရန် ဂျပန်မိုးဇလက ဒေသခံများကို နှိုးဆော်သတိပေးထားကြောင်း ၊ ထို့အပြင် ၎င်းဒေသများတွင် တစ်ပတ်အတွင်း အင်အား အဆင့် ၆ နှင့်အထက်ရှိ ငလျင်လှုပ်ခတ်နိုင်ကြောင်း သိရသည်။(Xinhua)