Connect with us

Asia

တရုတ်-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး ကြိုးပမ်းအားထုတ်ရန် ရှီကျင့်ဖိန် တိုက်တွန်း

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့ နှစ်ဦး လက်ဆွဲနှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

ဂိုအာ ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီ နှင့် အောက်တိုဘာလ ၁၅ ရက်က တွေ့ဆုံစဉ် တရုတ်- အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးတွင် ဘက်ပေါင်းစုံက မူဘောင်များဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် နှင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးတွင် နှစ်ဖက်အမြင်များကို အချင်းချင်းပိုမိုဖလှယ်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုအတွက် နှစ်ဖက်နိုင်ငံရေးပါတီများအကြား ၊ ဒေသဆိုင်ရာအစိုးရများအကြား ၊ ပညာရှင်များ ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ နှင့် သတင်းမီဒီယာအဖွဲ့အစည်းများအကြားတွင် အပြန်အလှန်ဆက်ဆံရေးတိုးမြင့်စေရန် တွန်းအားပေးဆောင်ရွက်သင့်ကြောင်း သမ္မတရှီက ဆိုသည်။

တရုတ် နှင့် အိန္ဒိယ နိုင်ငံတို့သည် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံ ဆက်ဆံရေး နှင့် ၎င်းတို့ပြည်သူများ၏ အခြေခံအကျိုးစီးပွားများအတွက် နှစ်ဖက်ဆက်ဆံရေတိုးတက်ခိုင်မာစေမည့် လမ်းကြောင်း အစီအစဉ်များကို ရေးဆွဲရန်လိုအပ်ကြောင်း သမ္မတရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီတို့ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်များသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂိုအာပြည်နယ်၌ အောက်တိုဘာလ ၁၅ ရက်က တွေ့ဆုံဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် တရုတ်-အိန္ဒိယနှစ်နိုင်ငံစလုံးအနေဖြင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ထောက်ခံအားပေးပြီး ပါဝင်ဆောင်ရွက်သွားကြရန် နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့( SCO) အပါအဝင် တောင်အာရှဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သော ဘက်ပေါင်းစုံ မူဘောင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

BRICS ၏ပေါ်ပေါက်လာနေသော စီးပွားရေးဈေးကွက်အတားအဆီးများဆိုင်ရာ ၈ ကြိမ်မြောက် ညီလာခံကို အိန္ဒိနိုင်ငံအနောက်ပိုင်း ဂိုအာပြည်နယ်တွင် ပြုလုပ်ကျင်းပနေစဉ်အတွင်း သီးခြားတွေ့ဆုံမှုအဖြစ် မိုဒီနှင့်တွေ့ဆုံစဉ် သမ္မတရှီက ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံသည် လွန်ခဲ့သောလက တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးမှ အပြုသဘောဆောင်သော တွန်းအားများကို ဆက်လက်လုပ်ဆောင်သွားရန်နှင့် ဂိုအာ BRICS ညီလာခံကို အပြုသဘောဆောင်သော ရလဒ်များရရှိစေရန် တို့ကို အိန္ဒိယ နှင့် တွဲဖက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ယုံကြည်မှု ပေါင်းစည်းမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့အတွက် အပြုသဘောဆောင်သော လက္ခဏာကို ဖော်ပြလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လာမည့် ၂ဝ၁၇ ခုနှစ်တွင် BRICS ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူရန် ရှိနေပြီး ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရန်အတွက် အိန္ဒိယ နှင့် အခြား BRICS အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း ရှီက ဆိုသည်။

အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် လက်ချင်းဆက်၍ ၂၁ရာစုအား အာရှရာစုနှစ်အဖြစ် ပြောင်းလဲသွားရန်တာဝန်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်၏ အာရှခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ သို့သွားရောက်ခဲ့ပြီးဖြစ်ရာ အိန္ဒိယနိုင်ငံသည် ခရီးစဉ်၏ နောက်ဆုံး အဆုံးသတ်မည့် နိုင်ငံဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.