Connect with us

Asia

မြောက်ကိုးရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်းစမ်းသပ်မှု မအောင်မမြင်ဖြစ်ခဲ့ရကြောင်း တောင်ကိုးရီးယားပြော

မြောက်ကိုးရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်နေသည်ကို ရုပ်မြင်သံကြားမှတဆင့် ကြည့်ရှုနေသူတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံ(DPRK) သည် တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့ရကြောင်း တောင်ကိုးရီးယားနိုင်ငံစစ်တပ်က ယနေ့အောက်တိုဘာလ ၁၆ ရက် တွင်ပြောကြားလိုက်သည်။

မြောက်ကိုးရီးယားနိုင်ငံ( DPRK) သည် အောက်တိုဘာလ ၁၅ ရက် ၊ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်တွင် မုဆုဒန် တိုက်ချင်းပစ်ဒုံးကျည်ကို နိုင်ငံအနောက်မြောက်ပိုင်း ပြုံဂန်ပြည်နယ်ရှိ လေယာဉ်ကွင်းတစ်ခုအနီးမှ ပစ်လွှတ်ခဲ့သည်ဟု ယုံကြည်ရကြောင်း တောင်ကိုးရီးယားနိုင်ငံ(ROK) ပူးတွဲစစ်ဦးစီးအရာရှိချုပ်(JCS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒုံးကျည်သည် လွှတ်တင်ပြီး ကြာမီအချိန်အတွင်းမှာပင် ပေါက်ကွဲသွားခဲ့ကြောင်း JCS က ဆိုသည်။ တောင်ကိုးရီးယားနိုင်ငံ(ROK)ရှိ ပင်လယ်သုံးခုအတွင်း၌ အောက်တိုဘာလ ၁ဝ ရက်က စတင်ခဲ့သည့် အမေရိကန်ပြည်ထောင်စု နှင့် တောင်ကိုးရီးယား(ROK)ရေတပ်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြီးဆုံးသည့်နေ့တွင် မြောက်ကိုးရီးယားနိုင်ငံ(DPRK) မှ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ခြင်းပြီး ယခုကဲ့သို့မအောင်မမြင်ခဲ့ခြင်း ဖြစ်သည်။

တစ်ပတ်ကြာပြုလုပ်သော နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်တပ်သည် နျူကလီးယားစွမ်းအင်သုံး USS ရော်နယ်ရီဂင် လေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘော ၇ စင်း ကိုအသုံးပြုခဲ့ကြောင်း နှင့် တောင်ကိုးရီးယားနိုင်ငံ(ROK)ဖက်က တိုက်ခိုက်ရေးဂျက်လေယာဉ်များ ၊ ရေကြောင်းကင်းလှည့်လေယာဉ်များနှင့် ရဟတ်ယာဉ်များအပါအဝင် စစ်သင်္ဘော ၄ဝစင်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်လ ၂၂ ရက်က မြောက်ကိုးရီးယားနိုင်ငံ(DPRK)သည် မုဆုဒန် တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ရာ အမြင့် ၁၄၁၃.၆ ကီလိုမီတာဖြင့် ခရီးအကွာအဝေး ၄ဝဝ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါဒုံးကျည်စမ်းသပ်မှုသည် မြောက်ကိုးရီးယားနိုင်ငံ(DPRK)၏ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုဖြစ်သလို ယခင်က ပစ်လွှတ်မှုများတွင် အကြိမ်ပေါင်းများစွာ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.