Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်း ခွေးရူးပြန်ရောဂါဖြစ်ပွားလေ့ရှိသောဇုန်တွင် ရောဂါကူးစက်မှုပြင်းထန်သဖြင့် ခွေး ၁၇ ကောင်သေဆုံး

ကာကွယ်ဆေးထိုးခံနေရသော ခွေးတစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း Nakhon Si Thammarat ပြည်နယ်တွင် ခွေးရူးရောဂါဖြစ်ပွားနေသောနယ်မြေအဖြစ် ကြေညာခဲ့ပြီးနောက် ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ရောဂါကူးစက်ခံရသည့် ခွေးအသေ ၁၇ ကောင် တွေ့ခဲ့ရကြောင်း မွေးမြူရေးဌာန၏ ပြောကြားချက်အား ကိုးကား၍ ပြည်တွင်း မီဒီယာက မတ်လ ၂၇ ရက်တွင် ဖော်ပြထားသည်။

ဒေသတွင်း မီဒီယာအရ အဆိုပါ ခွေးများသည် လွန်ခဲ့သော သီတင်းနှစ်ပတ်က ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးခဲ့ပြီး မတ်လ ၂၀ ရက်က သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို ခွေး ၁၇ ကောင်လုံးသည် အန်ခြင်း အစားအသောက် ပုံစံမမှန်ခြင်းများ ဖြစ်ခဲ့ကြောင်း ဘုန်းကြီးကျောင်းရှိ ဘုန်းတော်ကြီးများက ဆိုသည်။

ယင်း ခွေးများသေဆုံးမှုသည် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကြောင့် မဟုတ်ကြောင်း ဒေသခံ မွေးမြူရေးဆိုင်ရာ အရာရှိ Siripong က ပြောခဲ့သည်။ ၎င်းတို့သည် ခွေးများတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်မြန်ပြင်းထန် ဗိုင်းရပ်ပိုးတစ်ခုဖြစ်သော canine parvovirus ကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

ခွေးရူးရောဂါ ကာကွယ်ဆေးနှင့် ဓာတ်မတည့်ပါက ဆေးထိုးပြီး ၁၅ မိနစ်အတွင်း လက္ခဏာပြမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ထိုင်းနိုင်ငံရှိ ပြည်နယ် ၄၀ တွင် ခွေးရူးပြန်ရောဂါ တွေ့ရှိခဲ့ပြီး လူ ၃ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.