Asia
နိုင်ငံခြားသား ခရီးသွားများ လိုက်ပါသွားသော လှေတစ်စီး မလေးရှားတွင် တိမ်းမှောက်

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသား ၂၀ ကျော် အပါအဝင် ခရီးသွားဧည့်သည် ၃၁ ဦး လိုက်ပါသွားသော လှေတစ်စီးသည် မလေးရှားနိုင်ငံ အရှေ့ပိုင်း Sabah ပြည်နယ် Kota Kinabalu (KK) မြို့မှ ထွက်ခွာသွားကတည်းက တာဝန်ရှိသူများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း KK ရှိ တရုတ် ကောင်စစ်ဝန်ရုံးက ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) တွင် ပြောကြားလိုက်သည်။
အဆိုပါ လှေပေါ်တွင် ဝန်ထမ်း သုံးဦးနှင့်အတူ Kota Kinabalu မြို့မှ အနောက်ဘက် ကီလိုမီတာ ၆၀ အကွာရှိ ခရီးသွားဧည့်သည်များ အသွားအလာများသော Pulau Mengalum ကျွန်းသို့သွားရောက်ရန် ဇန်နဝါရီလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၉း၀၀ နာရီအချိန်၌ Tanjung Aru ခရိုင်မှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင် အေဂျင်စီ (MMEA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီလ ၂၈ ရက် ညပိုင်းတွင် ယင်း လှေ ပျောက်ဆုံးကြောင်း သတင်းပေးချက်အား MMEA က လက်ခံ ရရှိခဲ့ပြီးနောက် ကယ်ဆယ်ရေး သင်္ဘောများနှင့် ရဟတ်ယာဉ်များအား ပို့လွှတ်ခဲ့သည်။
Kota Kinabalu နှင့် Pulau Mengalum ရေပြင်အကြား ရေမိုင် မီတာ ၄၀၀ အတွင်း၌ ရှာဖွေခဲ့ကြောင်း Sabah ပြည်နယ် MMEA ပြန်ကြားရေး အရာရှိ ၏ ပြောကြားချက်အား ကိုးကား၍ New Strait Times သတင်းစာက ဖော်ပြထားသည်။
အဆိုပါ လှေ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း တရုတ် ကောင်စစ်ဝန်၏ ပြောကြားချက်အရ ဇန်နဝါရီလ ၂၈ ရက်တွင် ယင်း ရေပြင်၌ လှိုင်းကြီးခဲ့ကြောင်း သိရသည်။(Xinhua)