Connect with us

Asia

နီပေါနိုင်ငံ တွင် သမိုင်း တလျှောက် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌအား ရွေးချယ်


ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ တွင် ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် အွန်ဆာရီ ဂါတီ မက်ဂါအား အောက်တိုဘာလ ၁၆ ရက်က ကန့်ကွက်သူမရို တညီတညွတ်တည်း ရွေးချယ် တင်မြှောက် လိုက်ကြောင်း သိရသည်။

ထို့အတူ ဒုတိယ လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဂန်ဂါ ပရာဆတ် ရာဒဗ်ကိုလည်း ကန့်ကွက်သူမရှိ ရွေးချယ်ခဲ့သည်။ ရာဒဗ်သည် Rashtriya Prajatantra Party Nepal (RPPN) ၏ ခေါင်း ဆောင်တစ်ဦးဖြစ်သည်။

ဂါတီ နှင့် ရာဒဗ် တို့သည် Communist Party of Nepal (United Marxist Leninist), UCPN (Maoist), RPPN, Madhesi Janaadhikar Forum (Democratic) စသော အာဏာရပါတီများ နှင့် ပါတီငယ်များ၏ ထောက်ခံမှုများ ရရှိထားသည်။

နီပေါနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ အွန်ဆာရီအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ဥက္ကဋ္ဌအဖြစ် အသစ် ရွေးချယ်ခံရသော အွန်ဆာရီ ဂါတီ မက်ဂါသည် ယခင်က နီပေါ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် အောက်တိုဘာလ ၁၅ ရက် အထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၎င်းသည် ဥပဒေပြု လွှတ်တော် အမတ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ရွေးချယ်ခံခဲ့ရသည်။
၎င်းသည် UCPN (Maoist) ပါတီ၏ အမာခံပါတီဝင် တစ်ဦးဖြစ်ပြီး နီပေါနိုင်ငံတွင် ဆယ်နှစ်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်း စစ်အတွင်း အရေးပါသော တိုက်ပွဲများစွာ၌ ရှေ့တန်းမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.