Connect with us

Asia

အာဖဂန်နစ္စတန်တွင် လေကြောင်း တိုက်ခိုက်မှုများ၊ တိုက်ပွဲများကြောင့် တာလီဘန် စစ်သွေးကြွ ၁၈၆ ဦး နီးပါး သေဆုံးခဲ့

အာဖကန်နစ္စတန် မြောက်ပိုင်းကွန်ဒုဇ် ပြည်နယ် မြို့တော် ကွန်ဒုဇ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ပြုလုပ်သည့် စစ်တပ် စစ်ဆင်ရေး တစ်ခုတွင် အာဖကန် စစ်သားများ အဆောက်အအုံတစ်ခု အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေစဉ် (ဆင်ဟွာ)

ကဘူးလ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် တစ်ဝန်းတွင် အောက်တိုဘာလ ၁၂ ရက် အစောပိုင်းမှ စ၍ လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့များ နှင့် ဖြစ်ပွားသော တိုက်ပွဲများကြောင့် တာလီဘန် စစ်သွေးကြွ ၁၈၆ ဦးခန့် သေဆုံးခဲ့ကြောင်း အာဖဂန် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက အောက်တိုဘာလ ၁၃ ရက် အစောပိုင်းက ပြောခဲ့သည်။

“လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဆင်ရေးနှင့် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အကြမ်းဖက်သမား ၁၈၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၅၈ ဦးနှင့် အခြား အကြမ်းဖက်သမား ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်” ဟု နေ့စဉ် စစ်ဆင်ရေး ဆိုင်ရာ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ တပ်သား ၁၀ ဦးခန့် ပျောက်ဆုံး နေကြောင်း သတင်း ထုတ်ပြန်ချက်က အတည်ပြုထားသည်။ စစ်ဆင်ရေးများအား နန်ဂါဟာ၊ ကက်ပီဆာ၊ ဂါ့ဇ်နီ၊ ဇာဘူးလ်၊ ကန်ဒါဟာ၊ အူရုဇ်ဂန်၊ တက်ခ်ဟာ၊ ဘာ့ဒက်ရှန်၊ ကွန်ဒုဇ်၊ ဘက်ဟလန်နှင့် ဟဲလ်မန် ပြည်နယ်များတွင် ပြုလုပ်ခဲ့ပါသည်။

တာလီဘန် စစ်သွေးကြွ အုပ်စုဘက်ကမူ မှတ်ချက် တစ်စုံတစ်ရာ မပြုထားသေးပေ။ဂါ့ဇ်နီ ပြည်နယ် အရှေ့ပိုင်း ဒေသအတွင်း တာလီဘန်များက တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ခြင်းကြောင့် ပြည်နယ်မြို့တော် ဂါ့ဇ်နီမြို့၏ အစွန်အဖျားနေရာများတွင် အောက်တိုဘာလ ၁၂ ရက်မှစ၍ တိုက်ပွဲများ ပြတ်တောင်း ပြတ်တောင်း ဖြစ်ပွားလျက်ရှိကြောင်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မိုဟာမက် အလီမာဒီက ပြောခဲ့သည်။

“ ကျဆုံးသွားတဲ့ တာလီဘန်တွေထဲမှာ ဒေသတွင်း တာလီဘန် ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ အဗ္ဗဒူ ဆလမ်နဲ့ ကွာရီ အိုင်ဒရစ် တို့လည်းပါတယ်” ဟု အမာဒီက ဆင်ဟွာသို့ ယမန်နေ့ အစောပိုင်းက ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117