Connect with us

Asia

ပါကစ္စတန်တောင်ပိုင်းတွင် ခရီးသည်ယာဉ် နှင့် နောက်တွဲယာဉ် တစ်စီးတိုက်မိ၍ လူ ၁၂ဦးသေ

ပါကစ္စတန်တောင်ပိုင်းတွင် တိုက်မိခဲ့သည့် ခရီးသည်ယာဉ် နှင့် နောက်တွဲယာဉ် တစ်စီး အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်ဘတ်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်တောင်ပိုင်း Jamshoro ခရိုင်တွင် သြဂုတ် ၂ ၇က်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် နောက်တွဲယာဉ်တစ်စီး တိုက်မိ၍ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး လူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu မီဒီယာက ဖော်ပြခဲ့သည်။

Samaa ရုပ်သံဋ္ဌာနက နိုင်ငံ၏ တောင်ပိုင်း Sindh ပြည်နယ် Jamshoro ခရိုင် ရှိ Pataro နယ်မြေတွင် ခရီးသည် အယောက် ၅၀ တင်ဆောင်လာသည့် ဘတ်စ်ကားအား ယာဉ်မောင်းက ထိန်းချုပ်မှု မပြုနိုင်ဖြစ်ကာ မျက်နှာချင်းဆိုင်ယာဉ်ကြော မှ မောင်းနှင်လာသည့် နောက်တွဲယာဉ် တစ်စီး နှင့် တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် မှ တောင်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သည့် Karachi မြို့သို့ သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများတွင် ကလေးငယ်များ၊ အမျိုးသမီးများ နှင့် ဘတ်စ်ကား ဒရိုင်ဘာ တစ်ဦး ပါဝင်ကာ ၎င်းတို့အား နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးထားပြီး ၎င်းတို့အနက် အနည်းဆုံး ၇ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံတွင် ကားလမ်းများ၏ ကြံ့ခိုင်မှုနည်းပါးခြင်း၊ ယာဉ်စည်းကမ်းများ ချိုးဖောက်မှုများရှိနေခြင်း နှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းသိရသည်။
ပါကစ္စတန်နိုင်ငံ စာရင်းအင်းဆိုင်ရာဗျူရို၏ အချက်အလက်များအရ တစ်နှစ်လျှင် ယာဉ်မတော်တဆမှုပေါင်း ၉၀၀၀ကျော် ရှိကာ နှစ်စဉ် လူ ၅,၀၀၀ ဝန်းကျင်ခန့် ယာဉ်တိုက်မှုကြောင့် သေဆုံးနေရကြောင်း သိရသည်။
ယာဉ်ထိန်းရဲအရာရှိများ ပြောကြားချက်အရ ယာဉ်မတော်တဆမှုများ၏ ၉၀ ရာခိုင်နှုန်းသည် လူတို့၏ အမှားကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.