Asia
ပါကစ္စတန်နိုင်ငံတွင် အင်အား ၅.၅ ပမာဏရှိသော ငလျင်လှုပ်

အစ္စလာမ်မာဘတ်၊ မေ ၉ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်နှင့် နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ Khyber Pakhtunkhwa ပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းတို့တွင် မေလ ၉ ရက် နံနက်ပိုင်းက အင်အား ၅.၅ ရစ်ချ်တာစကေး ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသခံ မိုးလေဝသရုံးက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်မှာ Khyber Pakhtunkhwa ပြည်နယ် Bannu ခရိုင်၏ အနောက်မြောက် ၂၀ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၂ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောခဲ့သည်။
ငလျင်ဒဏ်ကြောင့် ထိတ်လန့်မှုအား လူအများခံစားခဲ့ရသော်လည်း အသက်သေဆုံးမှု သို့မဟုတ် နေအိမ် ပျက်စီးမှုများ မရှိခဲ့ကြောင်း သိရသည်။ (Xinhua)