Asia
ဘန်ကောက် မြေအောက်ဘူတာရုံတွင် ရထားရှေ့ အမျိုးသမီး တစ်ဦး ခုန်ချ သေဆုံး

ဘန်ကောက်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Ban Thap Chang ဘူတာရုံတွင် ဇွန်လ ၁၉ ရက်က ရထားတစ်စီး၏ ရှေ့သို့ အမျိုးသမီး တစ်ဦး ခုန်ချပြီး သေဆုံးသွားခဲ့ကြောင်း အဆိုပါ ရထား ကုမ္ပဏီမှ အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
“အဲဒီ အမျိုးသမီးဟာ ရထား နီးကပ်လာတဲ့အချိန်မှာ ခုန်ချလိုက်တာဆိုတော့ ရထား ရပ်ချိန်မရတော့ဘဲ သူလဲ သေဆုံးသွားခဲ့တယ်” ဟု Electrified Train ကုမ္ပဏီ လီမိတက်၏ ယာယီ မန်နေဂျင်း ဒါရိုက်တာ SRT Suthep Phanpheng က ပြောသည်။စီစီတီဗီ ရိုက်ကူးတင်ပြထားမှုအရ ယင်း အမျိုးသမီးမှာ ၎င်း၏ ခင်ပွန်းဟု ယူဆရသော အမျိုးသား တစ်ဦး နှင့်အတူ နေ့စဉ် ဘူတာရုံသို့ လာရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။အဆိုပါ မတော်တဆမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)