Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်း ပေါက်ကွဲမှုတွင် စစ်သား ၅ ဦး သေဆုံး၊ အခြားလူ ၄ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီးနောက် ဒဏ်ရာရသူအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း၌ ယနေ့ ဇွန်လ ၁၉ ရက်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ စစ်သား ငါးဦး သေဆုံးခဲ့ပြီး အခြားလူ လေးဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘန်ကောက်မြို့ တောင်ဘက် ပတ်ဌာနီပြည်နယ် Thung Yang Daeng ခရိုင်ရှိ လမ်းမပေါ်တွင် အမည်မသိ ဒေသခံ စစ်သွေးကြွအဖွဲ့က စီစဉ် လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ရသော အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အခြားအဆင့် စစ်သား ငါးဦး သေဆုံးကာ အခြားသူ လေးဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။တိုက်ခိုက်သူများမှာ မည်သူ ဖြစ်ကြောင်းနှင့် အရေအတွက် မည်မျှရှိကြောင်း မသိရှိရသေးဟု ထိုင်း မီဒီယာ Mathichon က သတင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တောင်ဘက်စွန်း ဖြစ်သော ပတ်ဌာနီ၊ ယာလာနှင့် နာရတ်သီဝတ် ပြည်နယ်များမှာ ပေါက်ကွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် စိုးရိမ် ထိတ်လန့်မှုများ ကြုံတွေ့နေခဲ့ရသည်။အဆိုပါ စစ်သားများမှာ တပ်ဖွဲ့ ၂၅ နှင့် ပူးတွဲ စစ်ဆင်ရေး လုပ်ဆောင်နေစဉ် ပေါက်ကွဲမှုဖြင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ယင်းဖြစ်စဉ်အတွက် သံသယ တရားခံများစွာရှိသည်ဟု တပ်ဖွဲ့က ပြောကြားထားသည်။ (Xinhua)