Asia
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့်ထုတ်ပြန်

ကိုလံဘို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ယနေ့နံနက်ပိုင်းတွင် ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားပြီးနောက် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
နောက်ဆုံးပေါက်ကွဲမှုမှာ မြို့တော်မြောက်ပိုင်းရှိ Dematagoda ၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
သီရိလင်္ကာနိုင်ငံအစိုးရက ယနေ့ဧပြီ ၂၁ ရက် ညနေ ၆ နာရီ မှ နောက်တစ်နေ့ဧပြီ ၂၂ ရက် နံနက် ၆ နာရီအထိ တစ်နိုင်ငံလုံးတွင် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။(Xinhua)