Asia
အင်တာပို ဥက္ကဋ္ဌအဖြစ် တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဒုတိယ ဝန်ကြီး ရွေးချယ်ခံရ

ဘာလီ၊ အင်ဒိုနီးရှား၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဒုတိယဝန်ကြီး မန်းဟုန်ဝေး (Meng Hongwei) အား အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ၏ ဥက္ကဥအဖြစ် နိုဝင်ဘာလ ၁၀ ရက်က ရွေးချယ်ခန့်အပ်ခြင်းခံရကြောင်း သိရသည်။
၎င်းသည် အဆိုပါ ရာထူးအတွက် ပထမဆုံး တာဝန်ထမ်းဆောင်မည့် တရုတ် အရာရှိ တစ်ဦး ဖြစ်သည်။
မန်းဟုန်ဝေးသည် ထိုရာထူးအား ၈၅ ကြိမ်မြောက် အင်တာပို အထွေထွေ ညီလာခံ ပိတ်ပွဲအခမ်းအနား၌ ရွေးချယ် ခန့်အပ်ခြင်းခံခဲ့ရပြီး လက်ရှိ ဥက္ကဋ္ဌဖြစ်သည့် ပြင်သစ်နိုင်ငံမှ Mireille Ballestrazzi ထံမှ လွှဲပြောင်းယူမည် ဖြစ်သည်။
အင်တာပိုအား ၁၉၁၄ ခုနှစ်၌ တည်ထောင်ခဲ့ပြီး ကုလသမဂ္ဂပြီးလျှင် ဒုတိယမြောက်အကြီးဆုံး အဖွဲ့အစည်း ဖြစ်သည်။
အဆိုပါ အဖွဲ့အစည်း၏ ဥက္ကဋ္ဌသည် အမှုဆောင် ကော်မတီကို ဦးဆောင်ရမည် ဖြစ်ပြီး လေးနှစ်တာ သက်တမ်းကာလအတွက် အထွေထွေ ညီလာခံက ရွေးချယ်ထားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ၁၉၈၄ ခုနှစ်ကတည်းက အင်တာပို အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ (Xinhua)