Asia
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် အင်အားပြင်းငလျင် လှုပ်ခတ်
ဂျာကာတာ၊ မေ ၂ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း ရှိ Lampung ပြည်နယ်တွင် မေလ ၂ ရက်က မြေအောက်ကို ဗဟိုပြု၍ ၆.၁ ရစ်ချ်တာ စကေး ရှိသည့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဋ္ဌာနက ပြောကြားခဲ့သည်။
ဋ္ဌာန၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Dede Yunus က ငလျင်သည် မြေအောက်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး မြေပြင်ပေါ်ရှိ လူများက ငလျင်လှုပ်ခတ်မှု ကို သိသိသာသာ ခံစားရကြောင်း ဆင်ဟွာ သတင်းဋ္ဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
ငလျင်သည် Tanggamus မြို့ အနောက် တောင်ဘက် ၂၃ ကီလိုမီတာ၊ မြေအောက် အနက် ၁၁၅ ကီလိုမီတာကို ဗဟိုပြု၍ ဒေသ စံတော်ချိန် ၁၁း၂၁ နာရီတွင် လှုပ်ခတ် ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံသည် “The Pacific Ring of Fire” ဟုခေါ်သည် ငလျင်ကြောတွင် ကျရောက်နေသည့် အတွက် ငလျင်များ မကြာခဏ လှုပ်ခတ်တတ်ကြောင်း သိရသည်။ (Xinhua)