Asia
အင်ဒိုနီးရှားအရှေ့ပိုင်း၌ ပြင်းအား ၆.၁ အဆင့်ရှိငလျင်လှုပ်

ဂျကာတာ ၊ မေ ၁၆ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပါပူဝါပြည်နယ်၌ ယနေ့(မေလ ၁၆ ရက်)တွင် ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အင်ဒိုနီးရှားမိုးလေဝသ နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။
၎င်းငလျင်သည် အင်ဒိုနီးရှား(ဂျကာတာ)စံတော်ချိန် နံနက် ၉ နာရီ ၁၂ မိနစ်တွင် Tolikara မှ အရှေ့တောင်ဘက် ၃၂ ကီလိုမီတာအကွာ၌ မြေပြင်အောက် အနက် ၁၁၁ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း Fahmi Nugraha အေဂျင်စီမှ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့်ဖြေကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးစက်ကွင်းဟုခေါ်ဆိုသော ငလျင်ဇုံအတွင်း ကျရောက်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)