Asia
အမေရိကန်နိုင်ငံသား ခံယူထားသည်ဟု သတင်းထွက်နေသော အင်ဒိုဝန်ကြီးတစ်ဦးအား ရာထူးမှဖယ်ရှား
![ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် စွမ်းအင် နှင့် သတ္တုတွင်းဝန်ကြီးဋ္ဌာန ဝန်ကြီးArchandra Tahar အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2016/08/images_world_2016_08_16e1.jpg)
ဂျာကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို သည် အသစ်ရွေးချယ်တင်မြောက်ခဲ့သည့် ဝန်ကြီးအဖွဲ့မှ ဝန်ကြီးတစ်ဦး သည် အင်ဒိုနီးရှားနိုင်ငံသားကတ် နှင့် အမေရိကန်နိုင်ငံသားကတ် နှစ်မျိုးစလုံး ကိုင်ဆောင်ထားကြောင်း ကောလာဟလများ ထွက်ပေါ်လာပြီးနောက် ယင်းဝန်ကြီးအား ရာထူးမှ ရပ်ဆိုင်းရန် သြဂုတ် ၁၅ ရက် ညနေပိုင်း က ဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သည်။
စွမ်းအင် နှင့် သတ္တုတွင်းဝန်ကြီးဋ္ဌာန ဝန်ကြီး အဖြစ် Archandra Tahar အား ဇူလိုင် ၂၇ရက်က ခန့်အပ်ခဲ့ပြီးနောက် ကောလာဟလများကြောင့် ၎င်းအား သြဂုတ် ၁၆ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Pratikno ကကြေညာခဲ့သည်။
“Archandra Tahar ရဲ့ နိုင်ငံသားခံယူခြင်း ကိစ္စနဲ့ပတ်သက်ပြီးတော့ အများပြည်သူတွေရဲ့ မေးမြန်းချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီး Archandra Taharကို ရာထူးမှ ဖယ်ရှားလိုက်ပါတယ်” ဟု Pratikno ကပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဝီဒိုဒို က ရေကြောင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ဝန်ကြီး Luhut Pandjaitan အား Tahar၏ တာဝန်များကို ခေတ္တထမ်းဆောင်ရန် တာဝန်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
Tahar သည် အမေရိကန်နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ရာ ရရှိခဲ့ပြီး ၎င်း၏ အင်ဒိုနီးရှားနိုင်ငံသား ကတ်ပြားမှာလည်း သက်တမ်းမကုန်ဆုံးသေးကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဝီဒိုဒိုသည် ၎င်း၏ ဒုတိယမြောက် ဝန်ကြီးအပြောင်းအလဲ၏ တစ်စိတ်တစ်ဒေသအဖြစ် Tahar အားရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် နှစ်နိုင်ငံနိုင်ငံသားအဖြစ် ခံယူခြင်းစနစ်အား လက်ခံကျင့်သုံးခြင်းမရှိကြောင်း သိရသည်။ (Xinhua)