Connect with us

Asia

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် သဘောတူညီချက် ဖိလစ်ပိုင် ဥပဒေပြု အထက်လွှတ်တော် အတည်ပြု

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဆိုင်းဘုတ် ကျောက်တုံးအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ သဘောတူစာချုပ်ပါ အချက်များအား ခွင့်ပြုရန် ဖိလစ်ပိုင်နိုင်ငံ ဥပဒေပြု အထက်လွှတ်တော်၌ မဲခွဲခဲ့ရာ ၂၀-၁ မဲဖြင့် ခွင့်ပြုခဲ့ကြောင်း အထက်လွှတ်တော်အမတ် လော်ရန် လီဂါဒါက ဒီဇင်ဘာလ ၆ ရက်၌ ပြောကြားလိုက်သည်။

AIIB သဘောတူစာချုပ် ကော်မတီ အစီရင်ခံစာ ကမကထပြုသူ လီဂါဒါက သဘောတူညီချက်အား အထက်လွှတ်တော်က ခွင့်ပြုလိုက်ခြင်းအား ဂုဏ်ပြုလိုက်ပြီး AIIB တွင် ဖိလစ်ပိုင် အဖွဲ့ဝင်ဖြစ်ရေး၊ အခြေခံ အဆောက်အအုံ သုံးစွဲရာတွင် အရှိန်မြှင့်လုပ်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် အောင်မြင်ရန် ကူညီသွားမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
“အခြေခံ အဆောက်အအုံ ရှားပါးမှုများဟာ ကျွန်တော်တို့ နိုင်ငံ တိုးတက်မှုအတွက် နှစ်ပေါင်းများစွာ ခက်ခဲစေပါတယ်၊ ရင်းနှီးမြှုပ်နှံမှုများက စီမံကိန်း အသစ်တွေ တည်ဆောက်ရုံအတွက်သာ လိုအပ်တာ မဟုတ်ဘဲ ရှိပြီးသား အခြေခံ အဆောက်အအုံတွေအတွက်လဲ လိုအပ်ပါတယ်၊ AIIB အနေနဲ့ ကျွန်တော်တို့ရဲ့ အခြေခံ အဆောက်အအုံ ထောက်ပံ့ရေး အရင်းအမြစ်အတွက် ကျယ်ပြန့်စွာ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်တယ်” ဟု လီဂါဒါက ပြောသည်။
AIIB သည် အာရှတွင် စီးပွားရေး ဖွံ့ဖြိုးမှု မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ အဖွဲ့အစည်းများအား ဘက်စုံ ငွေချေးပေးနေခြင်း ဖြစ်သည်။
AIIB ၌ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန် အပါအဝင် မူလအဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်သည်။
ဖိလစ်ပိုင်နိုင်ငံသည် သဘောတူညီချက်စာချုပ်အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် တရုတ်နိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.