Connect with us

Asia

အာဟာရမဖြစ်သော အစားအစာအတွက် အဆီအခွန် အိန္ဒိယ တောင်ပိုင်း ကယ်ရာလာပြည်နယ် တွင် ကောက်ခံမည်

အာဟာရမဖြစ်စေသော အမြန်ပြင် အစားအစာများ (Junk Food) အပေါ် အခွန် ကောက်ခံမည်ကို သရုပ်ဖော်ထားစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
အဝလွန်နေသော ပြည်သူများအား ဝိတ်လျှော့ရာတွင် အကူအညီ ဖြစ်စေရန် အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရာလာ ပြည်နယ်သည် အာဟာရ မဖြစ်စေသော အမြန်ပြင် အစားအစာများ (Junk Food) အပေါ် အဆီ အခွန် (Fat tax) ပြစ်ဒဏ် သတ်မှတ်သည့် ပထမဆုံး ပြည်နယ် ဖြစ်လာကြောင်း သိရသည်။

ဘာဂါ ၊ ပီဇာနှင့် ဒိုးနတ် ကဲ့သို့သော အသင့်စား အစားအစာများအား စားသုံးသူများနှင့် ရောင်းချသည့် ဆိုင်များ အပေါ် ၁၄.၅ ရာခိုင်နှုန်း ကောက်ခံမည့် အဆီ အခွန် (Fat tax) အား ပြည်နယ် အစိုးရက မကြာသေးမီက မိတ်ဆက် ပေးခဲ့ကြောင်း၊ ယင်း အခွန်ကောက် စနစ်တွင် မက်ဒေါ်နယ်နှင့် ဒိုမီနို ကဲ့သို့သော နိုင်ငံမျိုးစုံက လာသည့် စားသောက်ဆိုင်များလည်း ပါဝင်ကြောင်း အမည်မဖော်လိုသူ အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါ အဆီ အခွန်အား ယင်း ပြည်နယ်အတွင်း မကြာသေးမီက အာဏာရလာသည့် လက်ဝဲယိမ်း အစိုးရက အဆိုပြုခဲ့ခြင်း ဖြစ်ပြီး လွှတ်တော် ဦးဆောင်သော ယခင် အစိုးရကလည်း အရက် ကင်းလွတ်သော ပြည်နယ် အဖြစ် ပြုလုပ်ရန် မူဝါဒ တစ်ခု ပြုလုပ်ခဲ့သည်။
ရာပေါင်းများစွာသော အရက်ဘားများ ပိတ်သိမ်းခဲ့ရသော်လည်း ထိုသို့ ပိတ်ဆို့မှုသည် ကြယ်ငါးပွင့်နှင့် ဇိမ်ခံ ဟိုတယ်များမှာမူ ကင်းလွတ်ခွင့် ရရှိခဲ့သည်။
ထို့ပြင် ယခုနှစ် အစောပိုင်းကလည်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ အရက်ရောင်းချမှုအား ပိတ်ပင် လိုက်သည့်အတွက် ပြည်နယ်၏ ဘဏ္ဍာငွေ လျော့ကျသွားမှုအား ဖြည့်တင်းသည့် အနေဖြင့် နာမည်ကျော် အဆာပြေမုန့် စမူဆာအပေါ် luxury tax ကောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.