Asia
အိန္ဒိယနိုင်ငံ ကပ္ပလီပင်လယ်ကျွန်းများတွင် အင်အား ၅.၂ ရှိသော ငလျင် လှုပ်ခတ်

နယူးဒေလီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ကပ္ပလီပင်လယ်ကျွန်းများတွင် ဇူလိုင်လ ၅ ရက် အစောပိုင်းက အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန၏ အဆိုအရ ဒေသစံတော်ချိန် နံနက် ၂ း ၀၄ နာရီအချိန်က အင်အား ၅.၂ ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ငလျင်က မြောက်လတ္တီကျု ၁၄.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၆.၄ ဒီဂရီအကြား၊ မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ” ဟု မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ကပ္ပလီကျွန်းများက ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ကြား ဆုံချက်မှာ တည်ရှိသည်။
ငလျင်ကြောင့် လူသေဆုံးခြင်းနှင့် ပျက်စီးဆုံးရှုံးမှု သတင်းများမရရှိသေးကြောင်း သိရသည်။ (Xinhua)