Connect with us

Asia

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာသွန်းမှုကြောင့် သေဆုံးသူ ၄၄ ဦးထိ ရှိလာ

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ရေကြီးရေလျှံဖြစ်ပွားနေသည့် မြင်ကွင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

လွန်ခဲ့သော နှစ်ရက်က အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်(Uttar Pradesh)ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၄၄ ဦးရှိပြီး ဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏ စက်တင်ဘာ ၂၈ ရက်  သတင်းများအရ သိရသည်။

သတင်းများအရ ယင်းပြည်နယ်အတွင်းရှိ Pratapgarhနှင့် Raebareli ဒေသနှစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတော်တဆမှုများဖြစ်ပွားရာ လူ ၆ ဦးသေဆုံးခဲ့ပြီး   Amethiဒေသတွင် ၅ ဦး၊ Chandauliဒေသနှင့် Varanasiဒေသတွင် လူ ၄ ဦးစီ အသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။ 

ဥတ္တရာပရာဒက်ရှ်ပြည်နယ် Lucknow မြို့နှင့် အခြားဒေသအချို့တွင် စာသင်ကျောင်းများ ပိတ်ထားရန်ဒေသခံ အစိုးရဌာနက အကြောင်းကြားထားကြောင်း သိရသည်။အိန္ဒိယ မိုးဇလ ဌာန၏ ကြိုတင်ခန့်မှန်းချက်အရ ဥတ္တရာပရာဒက်ရှ်ပြည်နယ် အချို့ဒေသများတွင် ယခုကာလများအတွင်း မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ဇွန်လမှ စက်တင်ဘာလသည် မုတ်သုန်မိုးရာသီကာလဖြစ်ရာ မကြာခဏ ရေကြီးရေလျှံဖြစ်ခြင်း ၊ ရွှံ့သဲကျောက်မြေရေ စီးဆင်းခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ကိန်းဂဏန်းများအရ ယခုနှစ် ဇွန်လမှစ၍ အိန္ဒိယနိုင်ငံတွင် အနည်းဆုံးလူပေါင်း ၁၄၂၂ ဦးသည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်ရေကြီးရေလျှံ ဖြစ်ပွားခြင်းများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.