Connect with us

Asia

အိန္ဒိယ အနောက်ပိုင်းတွင် ဟိုတယ် မီးလောင်မှုကြောင့် လူ ၆ ဦး သေဆုံး

မီးလောင်ကျွမ်းနေသည့် အိန္ဒိယရှိ အဆောက်အအုံ တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ နာမည်ကြီး ဟိုတယ် တစ်ခုအတွင်း ဒီဇင်ဘာလ ၂၁ ရက်က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီပြည်နယ်အတွင်းရှိ ဂွန်ဒီယာ ခရိုင်က ဘင်ဒယ်လ် ပလာဇာ ဟိုတယ်မှာ မင်္ဂလာဆောင် အခမ်းအနား တစ်ခုအတွက် ဟိုတယ် တစ်ခုလုံးနီးပါး ငှားရမ်း အသုံးပြုနေစဉ်မှာ မီးလောင်ကျွမ်းခဲ့တာပါ၊ သေဆုံးသူ ၆ ဦးရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက သယ်ဆောင်သွားပါပြီ” အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသည့် အမည်မဖော်လိုသူ အဆိုပါ ရဲအရာရှိက ပြောသည်။

ဟိုတယ်အတွင်း ပိတ်မိနေသူ အများအပြား ကျန်ရှိနေသေးသည့်အတွက် သေဆုံးသူ အရေအတွက်များလည်း တိုးလာနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

မီးသတ်ကား ၁၅ စီးဖြင့် မီးတောက်များအား ငြှိမ်းသတ်ခဲ့သလို ပိတ်မိနေသူများကိုလည်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ မီးလောင်ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ အချို့သူများမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း သိရသည်။

ရုပ်မြင်သံကြား အစီအစဉ်တွင် ပြသထားချက်အရ ယင်း ဟိုတယ် တည်နေရာမှာ ကျဉ်းမြောင်းလွန်းပြီး မီးသတ်ကားများ ဝင်ရောက်ရန် အခက်အခဲရှိခဲ့ကြောင်း၊ ပိတ်မိနေသူများအား ကယ်ဆယ်ရန် ဒေသခံများက ပထမဆုံး သွားရောက်ကူညီခဲ့ကြကြောင်း ရုပ်မြင်သံကြား အစီအစဉ်တွင် ပြသထားချက်အရ သိရသည်။

မီးလောင်မှု ဖြစ်ပွားရခြင်းမှာ ဆားကစ်လောင်ကျွမ်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသော်လည်း အကြောင်းရင်းမှန်အား အတိအကျ သိရှိစေရန် စုံစမ်းရေးအတွက် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.