Connect with us

Asia

ဗီယက်နမ်တွင် ပထမဆုံး နက္ခတ်တာရာကြည့် မျှော်စင် ဖွင့်လှစ်တော့မည်

ဗီယက်နမ် အမျိုးသား ဂြိုဟ်တု စင်တာ (VNSC) အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး နက္ခတ်တာရာကြည့် မျှော်စင်အား Khanh Hoa ပြည်နယ်တွင် ၂၀၁၇ ခုနှစ် မတ်လအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ဗီယက်နမ် အမျိုးသား ဂြိုဟ်တု စင်တာ (VNSC) က ဒီဇင်ဘာလ ၂၁ ရက်က ပြောကြားလိုက်သည်။

Hon Chong ဟုအမည်ပေးထားသည့် ယင်း မျှော်စင်အား Khanh Hoa ပြည်နယ်ရှိ Nha Trang မြို့မှ ကျောက်ဆောင်ပေါများသည့် ဒေသ၌ တည်ဆောက်ထားပြီး မြို့တော် ဟနွိုင်းမှ တောင်ဘက် ကီလိုမီတာ ၁၀၄၀ ကွာဝေးကြောင်း၊ နောက်ဆုံးအဆင့် တည်ဆောက်မှု ပြီးစီးခဲ့ပြီး ဖြစ်ကာ လာမည့်နှစ် ဇန်နဝါရီလ နှောင်းပိုင်းတွင် ကနဦး ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

တရားဝင် ဖွင့်လှစ်ခြင်းကိုမူ လာမည့်နှစ် မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်း မျှော်စင်၌ အချင်းဝက် ၉ မီတာ ကျယ်ဝန်းသည့် အမိုးခုံး တပ်ဆင်ထားပြီး အချင်းဝက် ဝ.၅ မီတာရှိသော အာကာသကြည့် မှန်ပြောင်း တပ်ဆင်ထားကြောင်း၊ ထိုနေရာတွင် လူ ၆၀ ကျော် တစ်ပြိုင်နက် အာကာသ စူးစမ်း လေ့လာနိုင်ခြင်း သို့မဟုတ် ဂြိုဟ်များ၊ ကြယ်များနှင့် ကမ္ဘာ့မြေ သမိုင်း အကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်များ ကြည့်ရှုနိုင်ကြောင်း VNSC ၏ ညွှန်ကြားရေးမှူး Pham Anh Yuan က ဒီဇင်ဘာလ ၂၁ ရက်က ပြောကြားခဲ့သည်။

Hon Chong နက္ခတ်တာရာကြည့် မျှော်စင်သည် ဗီယက်နမ်နိုင်ငံ၏ နက္ခတ်တာရာ လေ့လာရေး စီမံကိန်း နှစ်ခုအနက် တစ်ခုဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေ ဗီယက်နမ်ငွေ ဒေါင် ၁၂၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅.၃ သန်း) ရှိသည်။ အခြား စီမံကိန်း တစ်ခုမှာ ဟနွိုင်းရှိ Hoa Lac နည်းပညာမြင့် ဥယျာဉ်ရှိ ဗီယက်နမ် အာကာသပြတိုက် အတွင်း တည်ရှိပြီး တည်ဆောက်နေဆဲ အဆင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Hon Chong နက္ခတ်တာရာကြည့် မျှော်စင်နှင့် ဟနွိုင်းရှိ အာကာသပြတိုက် နှစ်ခုစလုံးသည် VNSC စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်ပြီး အာကာသပြတိုက်ကို ခရီးသွားဧည့်သည်များ လေ့လာနိုင်ရန် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်လိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ အမျိုးသား သိပ္ပံ စီမံကိန်းများတွင် အကြီးဆုံး ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိကြောင်း Vietnam News က ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.