Asia
ကမ္ဘောဒီးယားသို့သွားရောက် လည်ပတ်သော နိုင်ငံတကာခရီးသွားများတွင် တရုတ်နိုင်ငံက အဓိကပါဝင်
ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)
၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားဧည့်သည် အရေအတွက် ၆.၂သန်း ရှိရာ ပြီးခဲ့သောနှစ်ကထက် ၁၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း ၊ ၎င်းတို့အနက် တရုတ်ခရီးသွားအရေအတွက်မှာ အများဆုံးဖြစ်ပြီး ၂ သန်း ရှိကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေး ဝန်ကြီး Thong Khonက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
၂၀၁၈ခုနှစ် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း၏ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၃၅၆ သန်းရှိရာ ယခင်ကာလတူနှင့်နှိုင်းယှဉ်လျှင် ၁၉.၈ ရာခိုင်နှုန်းတိုးလာကြောင်း Thong Khonက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ မြို့များ သန့်ရှင်းစေရေးနေ့ အခမ်းအနားပွဲ တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအနေဖြင့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွား ၆.၈ သန်း၊ ၂၀၂၀ ခုနှစ်တွင် ၇.၅ သန်း လက်ခံရန် ကြိုတင်ခန့်မှန်းထားကြောင်း ၊ ရေရှည်ရည်မှန်းချက်အရ ၂၀၃၀ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွား ၁၅ သန်းကို ဆွဲဆောင်နိုင်အောင် လုပ်ဆောင်မည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၂ သန်းကျော် ပွင့်လင်းလာစေရန်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်Samdech Techo Hun Senကလည်း ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးတိုးတက်စေသလို အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင် သောကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အရေးပါသည့် အကျိုးဆောင်မှုများ ရှိကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကို အစိမ်းရောင် အဖိုးတန် ဖွံ့ဖြိုးရေး(green gold)လုပ်ငန်းအဖြစ် သဘောထားရာ နိုင်ငံတကာခရီးသွားများအား ပိုမိုဆွဲဆောင်မှု ရှိစေရန် ကမ္ဘောဒီးယားပြည်သူများအနေဖြင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်း ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)