Connect with us

Asia

အိန္ဒိယ လေတပ်လေယာဉ်များက ကက်ရှ်မီးယားထိန်းချုပ်နယ်မြေမျဉ်းအား ဖြတ်သန်းတိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ပြောကြား

အိန္ဒိယ လေတပ် လေယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ထားရာနယ်မြေ (Line of Control= LoC) ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ လေတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပါကစ္စတန် စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Asif Ghafoor က ပါကစ္စတန်လေတပ် လေယာဉ်များအား အရေးပေါ်အခြေအနေအဖြစ် ချက်ချင်းပျံတက်ခဲ့ကြောင်းနှင့် အိန္ဒိယ လေတပ်လေယာဉ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၁၄ ရက်က အိန္ဒိယဘက်က ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသအတွင်း ဗုံးခွဲတိုက်ခိုက်မှုတစ်ခု၌ အိန္ဒိယရဲတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးမှုကြောင့် ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား တင်းမာမှု မြင့်တက်နေသည့်ကြားမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ လေယာဉ်များသည် Muzaffarabad နယ်မြေမှ ကျူးကျော်ပျံတက်လာခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ် Ghafoor က တွစ်တာ၌ ရေးသားခဲ့ရာတွင် အိန္ဒိယလေတပ်အနေဖြင့် နှစ်နိုင်ငံ နယ်စပ်အနီး ဘာလာကော့ဒေသအတွင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်လေတပ်က အချိန်နှင့်တစ်ပြေးညီ ထိရောက်သော တုန့်ပြန်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

၎င်းက အိန္ဒိယလေတပ်၏ ဗုံးကျဲတိုက်ခိုက်မှုအတွင်း သေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.