Connect with us

Asia

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး သီရိလင်္ကာနှင့် အိန္ဒိယတို့ သဘောတူ

အိန္ဒိယနှင့် သီရိလင်္ကာ အလံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကိုလမ်ဘို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာနှင့် လေ့ကျင့်ရေး စသည် တို့အတွက် နှစ်နိုင်ငံ အစီအစဉ်များ အပါအဝင် ကုန်သွယ်မှု တိုးမြှင့်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီး Malik Samarawickrema နှင့် အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီး Nirmala Sitharaman တို့သည် ဆွေးနွေးပွဲ ကျင်းပနေစဉ်တွင်း စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု (ETCA) အား မြန်ဆန် ထိရောက်စွာ ဆက်လက် ညှိနှိုင်း ဆောင်ရွက် ကြရန်နှင့် ယင်းအတွက် ရည်ရွယ်သည့် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တစ်ခု ဇူလိုင်လကုန်၌ သီရိလင်္ကာသို့ လာရောက်ရန် ရှိကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာ နိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်သည့်အနေဖြင့် နှစ်နိုင်ငံ ဝန်ကြီးများသည် ETCA အား ဆောလျင်စွာ လက်မှတ်ရေးထိုးရန်နှင့် ပြန်လည်ဖွဲ့စည်းထားသော Sri Lanka- India CEOs ဖိုရမ် အစောဆုံး ကျင်းပရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.