Connect with us

Asia

ကျန်းမာရေး ချို့ယွင်းလာခြင်းကြောင့် ဂျပန် ဘုရင် ထီးနန်းစွန့်မည် ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြား

ဂျပန် ဘုရင်က ဗီဒီယို အမှာစကားမှတဆင့် ပြည်သူများအား မိန့်ခွန်း ပြောကြားခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဘုရင်မင်းမြတ် အကီဟီတိုသည် ကျန်းမာရေး ချို့ယွင်းလာခြင်းကြောင့် အနာဂတ်တွင် တိုင်းပြည် တာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်တော့မည် မဟုတ်သည့်အတွက် စိုးရိမ်မိကြောင်း သြဂုတ်လ ၈ ရက်က ပြည်သူသို့ ဗီဒီယို အမှာစကား မှတဆင့် ပြောကြားခဲ့သည်။

အဆိုပါ အမှာစကားတွင် အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်သော ဘုရင်မင်းမြတ်သည် ၎င်းအနေဖြင့် တာဝန်များ ကို နိုင်နိုင်နင်းနင်း ထမ်းဆောင်ရန် ခက်ခဲလာပြီ ဖြစ်ကြောင်း ပြောသည်။
လွန်ခဲ့သောလက ဘုရင်မင်းမြတ်သည် အသက် ၅၆ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရုဟီဆိုအား ထီးနန်း လွှဲပြောင်းပေးရန် ဆန္ဒရှိနေကြောင်း ဒေသခံ မီဒီယာများက သတင်းရေးသားခဲ့ပြီးနောက် ပြည်သူများအကြား ဘုရင်၏ ထီးနန်းစွန့်ခြင်းနှင့်ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုး ရှိနေသည့်ကြားမှ ဘုရင်မင်းမြတ်၏ ယခုလို ၁၀ မိနစ်ကြာ ဗီဒီယို အမှာစကား ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဘုရင်မင်းမြတ်၏ အဆိုပါ အမှာစကား ထွက်လာပြီးနောက် ဘုရင်မင်းမြတ်၏ လက်ရှိ အခြေအနေနှင့် မည်သို့ လုပ်ဆောင်နိုင်မည်ကို ထည့်သွင်း စဉ်းစားနေကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ပြောကြားချက်များ အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.