Connect with us

Asia

နီပေါရဟတ်ယာဉ်တစ်စီး အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေ၊ ၎င်းလေယာဉ်ပေါ်၌ လူ၆ဦးလိုက်ပါလာခ ဲ့

Fishtail Air လေကြောင်းလိုင်း ပိုင် ရဟတ်ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

နီပေါကုမ္ပဏီတစ်ခုဖြစ်သည့် Fishtail Air လေကြောင်းလိုင်းမှ ရဟတ်ယာဉ်တစ်စီးသည် သြဂုတ် ၈ရက် နေ့လည်ပိုင်း တွင်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်းတို့၏ ရဟတ်ယာဉ် 9N-AKA နှင့် ဒေသစံတော်ချိန် နေ့လည် ၁နာရီ ကတည်းက အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း နှင့် ယင်း ရဟတ်ယာဉ်သည် Gorkha ခရိုင်မှ နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူသို့ ပျံသန်းနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နီပေါနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Yadav Koirala က Fishtail Air လေကြောင်းလိုင်းမှ ပေးပို့သည့် သတင်းအချက်အလက်များအရ အဆိုပါ ရဟတ်ယာဉ်ပေါ်၌ လူ ၆ဦးလိုက်ပါလိုက်ပါလာကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
9N-AKA ရဟတ်ယာဉ်သည် ငလျင်ဒဏ်ခံခဲ့ရသည့် Gorkha ခရိုင်မှ လူနာများအား ဆေးကုသရန်အတွက် ခတ္တမန္ဒူသို့ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.