Asia
ခရိုင်ဥပဒေရုံး၌ စစ်ဆေးမေးမြန်းခြင်း မခံရမီ တောင်ကိုရီးယားသမ္မတ(ဟောင်း)က ပြည်သူများအား တောင်းပန်
ဆိုလ်း ၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ရာထူးမှ ဖယ်ရှားခြင်းခံရသော တောင်ကိုရီးယားနိုင်ငံ သမ္မတ(ဟောင်း) ပက်ဂွမ်ဟေးသည် ၎င်းအား ယခုလအစောပိုင်းက အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲပြစ်တင်ခြင်း ခံခဲ့ရသည့်အပေါ် ယနေ့( မတ်လ ၂၁ ရက်)တွင် ခရိုင်ဥပဒေရုံး၌ စစ်ဆေးမေးမြန်းခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
ဆိုးလ်မြို့ ဗဟိုခရိုင် ဥပဒေရုံး၌ ကင်မရာပေါင်းများစွာ အရှေ့တွင် ပက်က အများပြည်သူတို့အား တောင်းပန်စကားဆိုခဲ့ပြီး ၊အဆိုပါ ဖြစ်စဉ်ကို ရုပ်မြင်သံကြားအစီအစဉ်က တဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။
အဆိုပါ တောင်းပန်စကားကို အများပြည်သူတို့အား ပန်ကြားပြီးပြီးခြင်းမှာပင် ပက်သည် ဆိုလ်းမြို့တောင်ပိုင်းရှိ ခရိုင်ဥပဒေရုံးသို ့ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။
ပက်ဂွမ်ဟေးသည် အပြာရင့်ရောင် ကုတ်အင်္ကျ ီကိုဝတ်ဆင်ထားပြီး ၎င်းနေထိုင်ရာ ဆိုလ်းမြို့တောင်ပိုင်းခရိုင်ရှိ နေအိမ်မှ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၇ မိနစ်တွင် လမ်းလျှောက်ထွက်လာခဲ့ပြီးနောက် အနက်ရောင် ဆီဒင် ကားပေါ်သို့တက်သွားကြောင်း နှင့် ၎င်း၏ နေအိမ်အပြင်ဘက်၌ စောင့်ဆိုင်းနေကြသည့် ထောက်ခံသူ ရာပေါင်းများစွာကို နှုတ်ဆက်ပြောဆိုခြင်း မရှိကြောင်း သိရသည်။
ရာထူးမှ ဖယ်ရှားခံရသော တောင်ကိုရီးယားသမ္မတ(ဟောင်း) ပက်ဂွမ်ဟေး အားတွေ့ရစဉ်(ဆင်ဟွာ)
ရာထူးမှ ဖယ်ရှားခံရသော တောင်ကိုရီးယားသမ္မတ(ဟောင်း) ပက်ဂွမ်ဟေး အားတွေ့ရစဉ်(ဆင်ဟွာ)
ရာထူးမှ ဖယ်ရှားခံရသော တောင်ကိုရီးယားသမ္မတ(ဟောင်း) ပက်ဂွမ်ဟေး အားတွေ့ရစဉ်(ဆင်ဟွာ)
ပက်အား တင်ဆောင်လာသော ဆီဒင်ကားအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝန်းရံလိုက်ပါလာခဲ့ပြီး ဥပဒေရုံးသို့ပက်ရောက်ရှိပြီး မိနစ်ပိုင်းအတွင်းမှာပင် ၎င်းလုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ဆိုက်ရောက်လာခဲ့ကြသည်။ပက်ဂွမ်ဟေးသည် မတ်လ ၁၂ ရက်က တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်မှ ထွက်ခွာလာခဲ့သည့်အချိန်မှ စတင်ကာ ၎င်း၏ ကိုယ်ပိုင် နေအိမ်၌ နေထိုင်ခဲ့သည်။
စုံစမ်းစစ်ဆေးမေးမြန်းမှုအတွင်း အစိုးရရှေ့နေများက ပက်အပေါ်စွပ်စွဲထားသည့် လာဘ်စားမှု ၊ အာဏာအလွဲသုံးစားမှု နှင့် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုများကို အဓိကထား မေးမြန်းသွားဖွယ်ရှိသည်။ ပက်သည် စွပ်စွဲချက်ပေါင်း ၁၃ ခုကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)