Connect with us

Asia

ဟွန်ဒါကား ၁၃၅၅ စီး ဗီယက်နမ် ပြန်လည် သိမ်းဆည်း

ဗီယက်နမ်နိုင်ငံ ကားပြပွဲ တစ်ခုတွင် Honda Civic ကားအား ပြသထားစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံရှိ ဟွန်ဒါ ကုမ္ပဏီသည် ကားအတွင်းရှိ လေအိတ်ပြုပြင်ရန်နှင့် အစားထိုးရန်အတွက် ဟွန်ဒါကား မော်ဒယ်မျိုးစုံ စီးရေ ၁၃၅၅ စီးအား ပြန်လည် သိမ်းယူခဲ့ကြောင်း စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာန လက်အောက်ရှိ Vietnam Competition Authority (VCA) က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

အထူးသဖြင့် ၂၀၁၂ ခုနှစ်ထုတ် Honda Civic, Honda CR-V နှင့် Honda Accord စသည့် မော်ဒယ် ကားများအား ပြန်လည် သိမ်းယူနေခြင်း ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအတွင်းရှိ အရောင်းကိုယ်စားလှယ်များထံမှ ရောင်းချထားသည့် ချို့ယွင်းချက်ရှိသော ကားများအတွက် စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းနှင့် အခမဲ့ အစားထိုးပေးအပ်ခြင်း စသည်တို့အား ကားထုတ်လုပ်သူများမှ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း Vietnam News သတင်းစာက ရေးသားဖော်ပြထားသည်။

Honda Civic နှင့် Honda CR-V မော်ဒယ်ကားများအား ဗီယက်နမ်တွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး Honda Accord မော်ဒယ်များကိုမူ ထိုင်းနိုင်ငံမှ တင်သွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း လေအိတ်ချို့ယွင်းချက်ကြောင့်ပင် Honda Civic ကား ၄၉၂၂ စီးအား ပြန်လည် သိမ်းယူခဲ့ရကြောင်း ဗီယက်နမ်နိုင်ငံ မှတ်ပုံတင်ရေးဋ္ဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.