Asia
ဂင်းနစ်ကမ္ဘာ့စံချိန်စာရင်းတွင်ပါဝင်ခွင့်ရရန် အသက် ၈၆ နှစ်အရွယ်ရှိ နီပေါအဖိုးအိုတစ်ဦး Qomolangma တောင်တက်မည်
ခတ္တမန္ဒူ ၊ မတ် ၇ ရက်(ဆင်ဟွာ)
အသက် ၈၆ နှစ်အရွယ်ရှိ နီပေါလူမျိုး ဂေါရခါးစစ်သားဟောင်း အဖိုးအိုတစ်ဦးသည် ကွိုမိုလန်မ ( Qomolangma) တောင်တက်မည်ဟု ထုတ်ဖော်ကြေညာလိုက်ရာ ထိုတောင်တက်မည့် ကမ္ဘာ့အသက်အကြီးဆုံးလူသား တစ်ဦးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဖိုးအို မင်းဗဟာဒူးရှာချန်း (Min Bahadur Sherchan) သည် ၎င်းကိုယ်တိုင် တင်ထားခဲ့သည့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တက်ရောက်ခဲ့သော ယခင်ဂင်းနစ်စံချိန်ဟောင်းကို ချိုးဖြတ်နိုင်ရန်အတွက် လာမည့် နွေရာသီတွင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို ထပ်မံတက်ရောက်ခြင်းဖြင့် ကမ္ဘာ့အသက်အကြီးဆုံး တောင်တက်သမားစံချိန်ကို ရရှိရန် ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ရှာချန်းကို ၁၉၃၁ ခုနှစ်တွင် နီပေါနိုင်ငံ အနောက်ပိုင်း Myagdi ခရိုင်၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၂ဝဝ၈ ခုနှစ်က အသက် ၇၇ နှစ်အရွယ်တွင် အမြင့် ၈၈၄၈ မီတာရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တစ်ခုကို တက်ရောက်ခဲ့သည်။ ယင်းစွမ်းဆောင်မှုအတွက် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့ဂင်းနစ်စံချိန် စာအုပ်တွင် တရားတွင် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။
သို့သော် ၎င်းစံချိန်အား ၂ဝ၁၃ ခုနှစ် တွင် ဂျပန်လူမျိုး အသက် ၈ဝ နှစ်အရွယ်ရှိ အဖိုးအို Yuichiro Miura ကို ဖြတ်ကျော်ခဲ့သည်။ ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် စစ်ပြန်အဖိုးအိုက ဘုရားသခင်ကောင်းချီးပေးမှုနှင့်အတူ အမြင့်ဆုံးတောင်ထိပ်ကိုတက်ရောက်နိုင်ရန် ယုံကြည်မှု ခိုင်ခိုင်မာမာရှိကြောင်း ပြောကြားခဲ့သည်။
“ ကျနော်ရဲ့ စွန့်စားသွားလာမှုအပေါ် ဘယ်သူမှ ယုံမှားသံသယမရှိဖို့မေတ္တာရပ်ခံပါတယ်။ ဘုရားသခင်က ကျနော့်ကို ကောင်းချီးပေးပါတယ်။ ကျနော် မသေနိုင်ပါဘူး။ ဘေးအန္တရာယ်ကင်းကင်းနဲ့ပြန်လာမှာပါ” ဟု အဖိုးအိုရှာချန်း က ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရှာချန်းသည် ၂ဝ၁၅ ခုနှစ်က ကွိုမိုလန်မ တောင်ကို တက်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနှစ် ဧပြီလတွင် လှုပ်ခတ်ခဲ့သော နီပေါငလျင်ကြောင့် တောင်တက်မည့်အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ အဖိုးအိုရှာချန်းက အသက်အရွယ်သည် တောင်တက်ရန် အတားအဆီးတစ်ခုမဟုတ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကွိုမိုလန်မ တောင်တက်ခရီးစဉ်အတွက် စုစုပေါင်း ကုန်ကျစရိတ် ရူပီးငွေ ၁ဝ သန်း ( အမေရိကန်ဒေါ်လာ ၉၃၆၇၅ ) ရရှိရန် နိုင်ငံပေါင်းစုံ ၊ ဒေသပေါင်းစုံမှ ရန်ပုံငွေ ရှာလျက်ရှိသည်။ ရှာချန်းသည် ကွိုမိုလန်မ တောင်တက်ခရီးစဉ်ကို ဧပြီလ ပထမပတ်ထဲတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)